အစာအိမ်မှန်ပြောင်းကြည့်ရှု စစ်ဆေးခြင်း ဆိုသည်မှာ အစာအိမ်ရေမြိုမှတဆင့် သေးငယ်သောကင်မရာ တပ်ဆင်ထားသည့် ပျော့ပြောင်းသောမှန်ပြောင်းပိုက်ကို အသုံးပြု၍ ဆရာဝန်ကြီးများမျ အစာအိမ်၊ အူသိမ်အရှေ့ပိုင်း နှင့်အတွင်းပိုင်းကို တီဗွီဖန်သားပြင်ပေါ်မှတဆင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါသည်။

မည်သည့်လူနာများတွင် အစာအိမ်နှင့်အူလမ်းကြောင်း ကြည့်ရှုစစ်ဆေးရန်လိုအပပါသလဲ????

📍အစာအိမ်ရောဂါရှိသူများ
📍အစာအိမ်အနာရှိသူများ
📍အစာအိမ်ကင်ဆာရောဂါ ဟုသံသယရှိသူများ
📍အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက် အလုံးအကျိတ်ရှိသူများ စသည်တို့အပြင်

📍ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ အစာမျိုချရခက်ခြင်း၊အစာအိမ်သွေးယိုစီးခြင်း၊ ပုံမှန်မဟုတ်ပဲ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ သွေးဝမ်းသွားခြင်း နှင့် သွေးအားနည်းသည့်လက္ခဏာများရှိခြင်း စသည့်လူနာများတွင် ကြည့်ရှုစစ်ဆေးရန်လိုအပ်ပါသည်။

👉အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (၂)မျိုးရှိပါသည်။

(1) Upper GI endoscopy (အစာအိမ်၊အစာရေမျိုနှင့် အူလမ်းကြောင်းဆိုင်ရာကြည့်ရှုစစ်ဆေးခြင်း)

(2) Lower GI colonoscopy (အူမကြီးလမ်းကြောင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခြင်း) စသည်ဖြင့်သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

📌အစာအိမ်နှင့်အူလမ်းမှန်ပြောင်းကြည့်ရှုခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်တွင်ရှိသော အသားပိုများကို နာကျင်မှုမရှိပဲ ချက်ချင်းဖြတ်တောက်နိုင်ပြီး သံသယရှိဖွယ်အကျိတ်များ
ရှိပါကလည်း အသားစယူပြီး ဓာတ်ခွဲခန်းပို့ကာစစ်ဆေးနိုင်ပါသည်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

📌အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းစစ်ဆေးမှုမပြုမီ လိုက်နာရမည့်အချက်များ…

🔹မှန်ပြောင်းကြည့်ရှုစစ်ဆေးမှုမပြုမီအနည်းဆုံး (၆)နာရီအတွင်း အစားအစာနှင့်ရေမသောက်ရန်လိုပါသည်။

🔹သွေးကျဲဆေးများသောက်နေရသော လူနာများတွင် မိမိပြသနေသောအထူးကုသမားတော်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်းအား ခေတ္တခဏ ရပ်နားထားရန် လိုအပ်ပါသည်။

🔹လူနာများအနေဖြင့် မှန်ပြောင်းကြည့်ရှုစစ်ဆေးမည့် ရက်မတိုင်မီ (၁)ရက်အလိုတွင် အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းကြည့်ရှုရာတွင်အဆင်ပြေစေရန် သက်ဆိုင်ရာ ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ဝမ်းနှုတ်ထားရန်လိုပါသည်။

🔹ပုံမှန်ဆေးများသောက်နေရသောလူနာများတွင်လည်း ဆရာဝန်ကြီးများ၏ ညွှန်ကြားချက်နှင့်အညီ ဆေးများဆက်လက်သောက်သုံးသင့်ပါသည်။

🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)တွင် SonoScape HD 550 series Endoscopic Machine စက်သစ်ကြီးကိုအသုံးပြု၍ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုရှာဖွေကုသမှုပေးနေပြီဖြစ်ပါသည်။

🧑🏻‍⚕ ️အတွေ့အကြုံရှိအထူးကုဆရာဝန်ကြီးများမှ လူနာများကိုနာကျင်မှုမရှိစေဘဲ သက်တောင့်သက်သာဖြင့် မှန်ပြောင်းကြည့်ရှုပြီး စစ်ဆေးတွေ့ရှိချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးနေပြီဖြစ်ပါသည်။

👩🏻‍⚕️ မေ့ဆေးဆရာဝန်ကြီးများထားရှိပြီး လိုအပ်ပါက မေ့ဆေး၊ထုံဆေးများ အသုံးပြု၍ လူနာသက်တောင့်သက်သာမှုရှိစေရန်အထူးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

👉ရိုက်ကူးတွေ့ရှိချက်များကို မှတ်တမ်းဓာတ်ပုံများနှင့်ပြန်လည်ထုတ်ပေးပါသည်။

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ) ၏ Endoscopic Department ကိုအဆောင်သစ် (၂)လွှာတွင် ပိတ်ရက်မရှိဖွင့်လှစ်ထားပါသည်။

🏥 ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာပ)
အမှတ်၁၂၅၄၊သုှဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။

ဆက်သွယ်ရက်ချိန်းယူရန်
☎️ 01655612, 01655613, 01655614, 01656203, 01656204, 01656205