💝ကလေးမွေးဖွားခြင်းအထူးအစီအစဉ် (Maternity Package)

💞မိမိတို့၏ အဖိုးတန်ရင်သွေးငယ်များကို ကျန်းမာစွာမွေးဖွားလိုသောမိခင်လောင်းများအတွက် ရွှေလမင်းဆေးရုံ(လမ်းမတော်)တွင် ကလေးမွေးဖွားခြင်းအထူးအစီအစဉ် (Maternity Package)များကို မိတိဆက်ပေးနေပြီဖြစ်ပါသည်။

ရွှေလမင်းဆေးရုံ (လမ်းမတော်)တွင် မိခင်လောင်းများအနေဖြင့် အတွေ့အကြုံရှိသားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးပြသနိုင်ပြီး အထူးကုဆရာဝန်ကြီးများ၏ညွှန်ကြားချက်အတိုင်း မိမိတို့၏ရင်သွေးငယ်များကိုစိတ်ချယုံကြည်စွာမွေးဖွားနိုင်ပြီဖြစ်ပါသည်။
🎀🎀🎀🎀🎀🎀

🎀Maternity Package တွင်ပါဝင်သောဝန်ဆောင်မှုများ။

🎀ရွေးချယ်ထားသော Package အလိုက်နေသည့် အခန်းခများ၊သားဖွားခန်း (သို့) ခွဲစိတ်ခန်းအသုံးပြုခများ။

🎀ဆေးရုံတက်နေစဉ်ကာလ အခန်းတွင်းဝန်ဆောင်မှုများ။
👩‍⚕️ နေ့စဉ်တာဝန်ကျဆရာဝန်များ၊သူနာပြုများနှင့် သူနာပြုအကူများမှလူနာအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း။
🧒 ဆေးရုံရှိသန့်ရှင်းရေးဝန်ထမ်းများမှ လူနာခန်းများအား နေ့စဉ်သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း။
👩‍🍳 လူနာများအတွက် နေ့စဉ် နံနက်စာ၊နေ့လည် ကော်ဖီ နှင့်မုန့်များစီစဉ်ပေးခြင်း။

🎀ရိုးရိုမွေးဖွားခြင်း (သို့)နာကျင်မှုသက်သာစွာမွေးဖွားခြင်းများအတွက် မွေးခန်းအတွင်းသုံးသည့်ဆေးနှင့် ဆက်စပ်ပစ္စည်းများ (ပိုးသတ်ဆေး၊အနာသက်သာသည့်ဆေးနှင့် Dripများ)၊
🎀မိခင်သားအိမ်ညှစ်အားနှင့်သန္ဓေသားနှလုံးခုန်သံစမ်းသပ်သောစက်များအသုံးပြုခြင်း။

🎀နာကျင်မှုသက်သာစွာမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားမည့်သူများအတွက် ECG,RBS စစ်ဆေးခများ၊အောက်စီဂျင်သုံးစွဲခြင်း(လိုအပ်ပါက)၊ခေတ်မီစက်များဖြင့်ဆေးသွင်းကုသခြင်း၊ခွဲစိတ်ခန်းအတွင်းအသုံးပြုသည့်ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာ အသုံးပြုခများ။

🎀မွေးကင်းစကလေးအတွက်သွေးအုပ်စုနှင့်အမျိုးအစားခွဲခြင်း(A,B,O,AB, Rh)၊မွေးရာပါသွေးအားနည်းရောဂါ (G6PD) စစ်ဆေးပေးခြင်း၊ပထမအကြိမ်အသည်းရောင်အသားဝါ Bပိုးကာကွယ်ဆေးထိုးပေးခြင်း။

🎀မွေးစာရင်းအတွက်မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင်လျှောက်ထားနိုင်ရန်(Birth Certificate)ထုတ်ပေးခြင်း။

🎀မွေးကင်းစကလေးခြေဗွေရာပြုလုပ်ပေးခြင်း။

🎀ကလေးအသုံးအဆောင်လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း။

🔸🔸🔸🔸🔸🔸🔸🔸

Package တွင်မပါဝင်သောဝန်ဆောင်မှုများ။

🎀မွေးဖွားပေးသည့်( ရိုးရိုးမွေးဖွားခြင်း၊နာကျင်မှုသက်သာစွာမွေးဖွားခြင်း၊ခွဲစိတ်မွေးဖွားခြင်း)သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ကလေးအထူးကုဆရာဝန်ကြီးများ၊မေ့ဆေးဆ
ာဝန်ကြီး၊လက်ထောက်ဆရာဝန်များ၏မွေးဖွားခ၊ခွဲစိတ်ခများ။

🎀ဆေးရုံတက်နေစဉ်အတွင်း အခန်းတွင်းသို့လာရောက်ကြည့်ရှုဆွေးနွေးခများ(သားဖွားမီးယပ်အထူးကုနှင့် ကလေးအထူးကုဆရာဝန်ကြီးများ)။

🎀မိခင်(သို့)ကလေးအတွက်ပုံမှန်မဟုတ်သော ကျန်းမာရေးအခြေအနေအတွက် အသုံးပြုရသည့်ဆေးနှင့်စမ်းသပ်စစ်ဆေးမှုများ (Special test )များ၊ အသုံးပြုသည့်အခန်းနှင့် အသုံးအဆောင်များအားပိုးသတ်ခြင်း။

🎀သွေးနှင့်သွေးနှင့်ဆိုင်သောဆက်စပ်ပစ္စည်းအျားသွေးခြင်း။

🎀Package ထဲတွင်ပါဝင်သော သတ်မှတ်ရက်ထက်ကျော်လွန်သောဆေးရုံတက်ရသည့်ရက်များ (အခန်းခ+ ဝန်ဆောင်ခများ)။

🎀မိခင်နှင့်ကလေးအတွက် အထူးပြုစုသည့်ဆရာမ (Special nurse fees)

🎀ဆေးရုံဆင်းသည့်အချိန်တွင် ယူဆောင်သွားရန်လိုအပ်သည့်ဆေးဝါးများအတွက်ကုန်ကျစရိတ်များ။

🏨အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️012301949, 012301948, 012301950, 012314825, 012314826, 012314892, 012314809 .
09899400011

#shwe_La_Min_Hospital
#Family_hospital_for_life

Family_hospital_for_life