unicode:

Modular Operation Theatre

– ခွဲစိတ်ရာမှ ရောဂါပိုးဝင်ရခြင်းသည် ခွဲခန်း၏ infection control နိုင်နင်းမှုနှင့် အရည်အသွေးပေါ်တွင် များစွာမူတည်ပါသည်။
– ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဆေးရုံတွင်ရက်ကြာရှည်စွာနေရပြီး ကုန်ကျစရိတ်များပြားလာမည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများကိုပါ ရရှိခံစားနိုင်ပါသည်။
– ခွဲခန်းဆိုသည်မှာကူးစက် ရောဂါများလွယ်လင့်တကူဝင်ရောက်နိုင်၍ လုံခြုံစိတ်ချရပြီး ပိုးမွှားကင်းစင်သောပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်စေရန် အရည်အချင်းပြည့်ဝသောကျန်းမာရေးဝန်ထမ်းကောင်းများကို လိုအပ်ရုံသာမက ရောဂါပိုးမဝင်ရောက်နိုင်အောင်ခွဲခန်း၏ဖွဲစည်းတည်ဆောက်ပုံနှင့် ပစ္စည်းများစနစ်တကျ ထားသိုမှုတို့အပေါ်တွင်လည်း များစွာမှီခိုပါသည်။
………………………………………..
– ရွှေလမင်းဆေးရုံတွင် နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာများကိုအခြေခံ၍ Infection Control ကောင်းစွာနိုင်နင်းသော Modular Operation Theatres ခန်းများ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပါသည်။

ခွဲခန်းအတွင်း
– HVAC (Heating, Ventilation, Air-Conditioning) System တပ်ဆင်ထားသောကြောင့် အခန်း၏အပူချိန်နှင့် Humidity ကို လိုအပ်သလို စနစ်တကျထိန်းချုပ်နိုင်ခြင်း
– Laminar Air Flow ပါဝင်သောကြောင့် လေမှတစ်ဆင့်ဝင်ရောက်နိုင်သော အလွန်သေးငယ်သည့် ဖုန်မှုန့်နှင့် အညစ်အကြေးများကို High Efficiency Particulate Arrestment Filters (HEPA) များဖြင့် filter 3 ဆင့်ခံ စစ်ထုတ်၍ 100% class ပိုးမွှားကင်းစင်သောလေကောင်းလေသန့် Positive Air Pressure သာရရှိစေခြင်း
– Central Sterile Service Department (CSSD) ထားရှိ၍ ခွဲခန်းသုံးပစ္စည်းကိရိယာများကို ခေတ်မီ Auto Clave စက်ကြီးများဖြင့် ပိုးသတ်ခြင်း စသည်ဖြင့် စနစ်တကျ စီစဉ်ထားရှိသောကြောင့် ရောဂါပိုးဝင်ရောက်မှုကို ထိရောက်စွာ ထိန်းချုပ်ထားပါသည်။

Theatre အတွင်း –
– Medical Gas regulating system
– Operation Pressure Detector
– Air and Light control system
– Nurse call system
– Hands free phone call system
– Digital Time display and alarm system for anesthesia စသည့်စနစ်များလည်တပ်ဆင်ထားရှိပါသည်။

#modular_operation_theatres
#shwe_la_min_hospitals

 

zawgyi:

 

Modular Operation Theatre

………………………………………..

ခွဲခန်းအတွင်း

Theatre အတွင်း –
– Nurse call system

#shwe_la_min_hospitals