Shwe La Min Hospitals https://shwelaminhospitals.com/my Shwe La Min Hospitals Fri, 29 Mar 2024 09:41:32 +0000 my-MM hourly 1 https://wordpress.org/?v=6.5.2 ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)၏ Imaging Department https://shwelaminhospitals.com/my/2024/03/29/imaging-department/ Fri, 29 Mar 2024 09:25:44 +0000 https://shwelaminhospitals.com/?p=27450 ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)၏ Imaging Department တွင် အမေရိကန်နိုင်ငံထုတ် PHILIPS Health Care မှ Ingenuity CT Elite 128 Slices စက်ကြီးဖြင့် တိကျ သေချာစွာ ရောဂါများကို ရှာဖွေ၍ပုံရိပ်များကိုကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနေပြီဖြစ်ပါသည်။

The post ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)၏ Imaging Department first appeared on Shwe La Min Hospitals.

]]>

🍀Imaging Department🍀

ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)၏ Imaging Department တွင် အမေရိကန်နိုင်ငံထုတ် PHILIPS Health Care မှ Ingenuity CT Elite 128 Slices စက်ကြီးဖြင့် တိကျ သေချာစွာ ရောဂါများကို ရှာဖွေ၍ပုံရိပ်များကိုကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနေပြီဖြစ်ပါသည်။
 
Ingenuity CT Elite 128 Slices သည် – 
[1) လူနာ၏ မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းအတွက်ကိုမဆို iDose 4 နောက်ဆုံးပေါ် နည်းပညာဖြင့် ဓာတ်ရောင်ခြည်သင့်မှု အနည်းဆုံးလျှော့ချ၍ပုံရိပ်ကိုကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်ခြင်း။
[2] ရိုက်ကူးချိန် မှာ စက္ကန့်ပိုင်းမျှသာကြာမြင့်၍လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသောပုံရိပ်များ‌ေ၀၀ါး မှု ကိုလစ်လျူရှုနိုင်ခြင်း။
[3} Nano Panel Elite Detector စနစ်သစ်ဖြင့်ပုံရိပ်ကြည်လင်ပြတ်သားမှု အထူးကောင်းမွန်အောင် ရိုက်ကူးပေးခြင်း။
[4] ခန္ဓာကိုယ်တစ်ရှုးများကို (0.5mm Slice) အထိ အပါးလွှာဆုံးရိုက်ကူး ပေးနိုင်သော စွမ်းဆောင်ရည် ရှိသည့်အပြင် အရိုးအစိတ်အပိုင်းများကို O.MAR Software နည်းပညာသစ်ဖြင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်ခြင်း။
[5] ပုံရိပ်များကို လိုအပ်သလိုပြန်လည်တည်ဆောက်နိုင်ခြင်းနှင့် သုံးဖက်ညီရုပ်လုံးကြွပုံရိပ်ဖော်ပေးနိုင်ခြင်း။
[6] ခန္ဓာကိုယ် အတွင်းရှိ သွေးလွှတ်ကြော၊ သွေးပြန်ကြော များကို အသေးစိတ်ပုံ ဖော်၍ ရောဂါရှာဖွေနိုင်ခြင်း(Angiogram, Venogram) ကြည်လင်ပြတ်သားစွာပုံရိပ်ဖော်ဆောင်ပေးခြင်း။
[7] ကျောက်ကပ်နှင့် ပတ်သက်သော ရောဂါများ ရှာဖွေရာတွင် အထောက်အကူ ပြုပေးနိုင်ခြင်း။
[8] အဆုတ်၊ အသည်း နှင့် ပန်ကရိယ စသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများတွင် ဖြစ်ပေါ်တတ်သော ကင်ဆာအကျိတ်၊အဖုများ ၏တည်နေရာ၊ အရွယ်အစားသာမကရောဂါ ပျံနှံ့ မှု အတိုင်းအတာတို့ကို သိရှိနိုင်ခြင်း။
[9] အရေးပေါ်လူနာများအတွက်အချိန်စက္ကန့်ပိုင်းအတွင်း စောလျင်စွာရိုက်ကူးပုံဖော်ပေးနိုင်ခြင်း၊
ဦးနှောက်နှင့်ဆိုင်သော ရောဂါများတွင် ပုံရိပ်ပြတ်သားကြည်လင်စွာ ရိုက်ကူးပုံဖော်ပေးနိုင် ခြင်း။
 

Ingenuity CT Elite – Philips စက်သစ်ကြီးဖြင့်ရိုက်ကူးနိုင်သော အစိတ်အပိုင်းများ

✳ CT Head (ဦးခေါင်းပိုင်း)
✳ CT Neck (လည်ပင်းပိုင်း)
✳ CT Sinus (နှာခေါင်းအတွင်းပိုင်း)
✳ CT Chest (ရင်ခေါင်းပိုင်း)
✳ CT Abdomen (၀မ်းဗိုက်ပိုင်း)
✳ CT Pelvis (၀မ်းဗိုက်အောက်ပိုင်း)
✳ CT Spine (ကျောရိုးမကြီး)
✅အထူးရိုက်ကူးနိုင်သောအပိုင်းများ
✴ Cerebral Angiogram
✴ Pulmonary Angiogram
✴ Hepatic Angiogram
✴ Renal Angiogram
✴ Thoracic Aortogram
✴ Abdominal Aortogram
✴ Upper Limb Angiogram
✴ Lower Limb Angiogram
စသည့် သွေးကြောအစိတ်အပိုင်းများအား အသေးစိတ်ကြည်လင်ပြတ်သားစွာ ပုံရိပ်ဖော်ရိုက်ကူးနိုင်ပါသည်။
 
⚛လူနာ၏ရောဂါ အခြေအနေ နှင့် ရိုက်ကူးထားသော ပုံများကို ကျွမ်းကျင်သောအတွေ့အကြုံရှိ ဝါရင့် ဓာတ်မှန် ဆရာ၀န်ကြီးများမှ တိကျ မှန်ကန်စွာဖတ်ကြားပေးလျက် ရှိပါသည်။
 
⚛ CT ရိုက်ကူးထားသော ပုံရိပ်ကို ဖလင်(Film) ထုတ်ပေးသည့် အပြင်လိုအပ်ပါက CD/DVD နှင့်လည်းထုတ်ပေးပါသည်။
⏰ကြိုတင်ရက်ချိန်းရယူရန်နှင့် အသေးစိတ်စုံစမ်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
 
☎ဆက်သွယ် Booking ယူရန် ☎
Hospital Operator Numbers
09 4284 18657, 09 8953 54213,
01-8660460, 01-8655612, 01-8655613,
01-8655614, 01-8656203, 01-8656204, 01-8656205
 
🏡လိပ်စာ 🏡
ရွှေလမင်းဆေးရုံ(မြောက်ဥက္ကလာ)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်းမကြီး၊ ၂ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

The post ရွှေလမင်းဆေးရုံ (မြောက်ဥက္ကလာ)၏ Imaging Department first appeared on Shwe La Min Hospitals.

]]>
Medical Checkup https://shwelaminhospitals.com/my/2024/03/29/medical-checkup/ Fri, 29 Mar 2024 09:15:47 +0000 https://shwelaminhospitals.com/?p=27443 ✴️သင့်အနာဂတ်အတွက် ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံပါ✴️
သင့်ကျန်းမာရေးသည် သင့်အတွက် အကြီးမားဆုံးအရာဖြစ်ပါသည်။
ယနေ့ အမြန်စစ်ဆေးခြင်းသည် မနက်ဖြန်အတွက် စိုးရိမ်စရာများကို သက်သာစေပါသည်။

The post Medical Checkup first appeared on Shwe La Min Hospitals.

]]>

🍀Medical Check up Program🍀

ရွှေလမင်းဆေးရုံ(မြောက်ဥက္ကလာပ)မှ Medical Check up Program အကြောင်း မိတ်ဆက် ပေးပါရစေရှင့်။
✴သင့်အနာဂတ်အတွက် ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံပါ✴
သင့်ကျန်းမာရေးသည် သင့်အတွက် အကြီးမားဆုံးအရာဖြစ်ပါသည်။
ယနေ့ အမြန်စစ်ဆေးခြင်းသည် မနက်ဖြန်အတွက် စိုးရိမ်စရာများကို သက်သာစေပါသည်။
ကြိုတင် Medical check up ပြုလုပ်ခြင်းဖြင့် သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။
 

Invest in Your Future! 

Your health is your greatest asset.
A quick check-up today can save you worry tomorrow.
Invest in yourself with our Medical Check-Up Program. Book now‼
❇Medical Check Up Program✳
✅ Pre-Employment Package [ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း]
✅ Pre-Marital Package [လက်မထပ်မီ ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း]
✅ Silver Package [အသက် (၃၀)အောက် ကျန်းမာရေးစစ်ဆေးခြင်း]
✅ Gold Package [အသက် (၃၀) မှ (၄၀)ကြား ကျန်းမာရေးစစ်ဆေးခြင်း]
✅Diamond Package [အသက် (၃၀) နှစ်နှင့်အထက် ကျန်းမာရေးစစ်ဆေးခြင်း]
✅King Package [အသက် (၄၀) နှင့်အထက် အမျိုးသားများအတွက်ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း]
✅Queen Package [အသက် (၄၀) နှင့်အထက် အမျိုးသမီးများအတွက် သားအိမ်ကင်ဆာ၊ မျိုးဥကင်ဆာ များစစ်ဆေးပေးခြင်း]
 
✅Medical Check Up ပြုလုပ်လျှင်
⚛ တာဝန်ကျ ဆရာဝန်များနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ခြင်း။
⚛လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပြသနိုင်ခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အားလုံးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
✅Company အဖွဲ့အစည်းများ၊ ရုံးဝန်ထမ်းများအတွက်လည်း Corporate အထူးစျေးနှုန်းများဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
☎ဆက်သွယ် Booking ယူရန် ☎
Hospital Operator Numbers
09 4284 18657, 09 8953 54213,
01-8660460, 01-8655612, 01-8655613,
01-8655614, 01-8656203, 01-8656204, 01-8656205
 
🏡လိပ်စာ 🏡
ရွှေလမင်းဆေးရုံ(မြောက်ဥက္ကလာ)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်းမကြီး၊ ၂ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

The post Medical Checkup first appeared on Shwe La Min Hospitals.

]]>
Mental Health Center https://shwelaminhospitals.com/my/2024/03/29/mental-health-center/ Fri, 29 Mar 2024 08:27:52 +0000 https://shwelaminhospitals.com/?p=27429 Personal Development coaching program ဆိုတာ ဘာပါလဲ❓️❓️

The post Mental Health Center first appeared on Shwe La Min Hospitals.

]]>

🍀Mental Health Center 🍀

Personal Development coaching program ဆိုတာ ဘာပါလဲ❓❓
🌱လူငယ်တွေရဲ့ Life Career မှ သည် Meaingful of Life ဆီသို့ လျှောက်လှမ်းရာမှာ လမ်းကြောင်းမှန်ကို ရောက်စေဖို့ အထောက်အကူဖြစ်စေတဲ့ Program လေး ဖြစ်ပါတယ်ရှင်။
 
☘ဒါ့ကြောင့် ဒီ program လေးကို ဘာကြောင့် စဖြစ်တယ်ဆိုတာရယ်……ဒီ program ဘာတွေပါ၀င် ဆွေးနွေးမယ်ဆိုတာကို Mental Health Dr. U Aung Myo Htet နှင့် ဆွေးနွေးမေးမြန်းထားပါတယ်ရှင်။
 
Personal Development Program ကို တဦးချင်း individual coaching အနေနဲ့ရော၊ Training ပုံစံနဲ့ပါ ဆွေးနွေး လေ့လာသင်ယူနိုင်ပါတယ်ရှင်။
 

Exciting news❗

Our Shwe La Min Hospital, Mental Health Center introduces a Personal Development coaching Program for young professionals. Dive into psychiatric insights, career exploration, and personal growth strategies and meaningful of life.
 
Ready to unlock your potential❓ Join us now❗
 
🥼 အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြသလိုပါက Hotline ဖုန်းနံပါတ်များသို့ (၂၄)နာရီ ပိတ်ရက်မရှိ တစ်ရက်ကြိုတင် Booking တင်၍ ပြသနိုင်ပါပြီရှင့်။
 
📞 ရွှေလမင်းဆေးရုံ(မြောက်ဥက္ကလာ)တွင် လာရောက်ပြသသောလူနာများ အဆင်ပြေချောမွေ့စေရန် ဆေးခန်းလာမပြမီ အောက်ပါဖုန်းနံပါတ်များသို့ ကြိုတင်ဆက်သွယ် Booking ယူနိုင်ပြီဖြစ်ပါသည်။
 
☎ဆက်သွယ် Booking ယူရန် ☎
Hospital Operator Numbers
09 4284 18657, 09 8953 54213,
01-8660460, 01-8655612, 01-8655613,
01-8655614, 01-8656203, 01-8656204, 01-8656205
 
🏡လိပ်စာ 🏡
ရွှေလမင်းဆေးရုံ(မြောက်ဥက္ကလာ)
အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်းမကြီး၊ ၂ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

The post Mental Health Center first appeared on Shwe La Min Hospitals.

]]>
အသိပေးကြေညာချက် https://shwelaminhospitals.com/my/2023/11/10/%e1%80%a1%e1%80%9e%e1%80%ad%e1%80%95%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%8a%e1%80%ac%e1%80%81%e1%80%bb%e1%80%80%e1%80%ba/ https://shwelaminhospitals.com/my/2023/11/10/%e1%80%a1%e1%80%9e%e1%80%ad%e1%80%95%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%8a%e1%80%ac%e1%80%81%e1%80%bb%e1%80%80%e1%80%ba/#respond Fri, 10 Nov 2023 05:21:04 +0000 https://shwelaminhospitals.com/?p=27350 ‼️ရွှေလမင်းဆေးရုံများအုပ်စု​၏ ပိုင်ဆိုင်မှုမှာ ပြောင်းလဲမှုမရှိပဲ ယခင်အတိုငိးမိသားစုဝင်များ​၏ ရှယ်ယာပိုင်ဆိုင်မှုများသာဖြစ်ကြောင်းနှင့်လက်ရှိပြင်ပတွင်ပျံ့နှံ့နေသောကောလဟာလသတင်းများမှာမှန်ကန်မှုမရှိပါကြောင်းအသိပေးအပ်ပါသည်...‼️

The post အသိပေးကြေညာချက် first appeared on Shwe La Min Hospitals.

]]>

ရွှေလမင်းဆေးရုံများအုပ်စု၏ ပိုင်ဆိုင်မှုမှာ ပြောင်းလဲမှုမရှိပဲ ယခင်အတိုငိးမိသားစုဝင်များ၏ ရှယ်ယာပိုင်ဆိုင်မှုများသာဖြစ်ကြောင်းနှင့်လက်ရှိပြင်ပတွင်ပျံ့နှံ့နေသောကောလဟာလသတင်းများမှာမှန်ကန်မှုမရှိပါကြောင်းအသိပေးအပ်ပါသည်…‼

The post အသိပေးကြေညာချက် first appeared on Shwe La Min Hospitals.

]]>
https://shwelaminhospitals.com/my/2023/11/10/%e1%80%a1%e1%80%9e%e1%80%ad%e1%80%95%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%8a%e1%80%ac%e1%80%81%e1%80%bb%e1%80%80%e1%80%ba/feed/ 0
Maternity Package https://shwelaminhospitals.com/my/2022/12/23/maternity-package/ Fri, 23 Dec 2022 04:52:24 +0000 https://shwelaminhospitals.com/?p=26947 ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ကလေးမွေးဖွားခြင်း အထူးအစီအစဉ် Maternity Package

The post Maternity Package first appeared on Shwe La Min Hospitals.

]]>
Package တွင် ပါဝင်သောဝန်ဆောင်မှုများ
  • ရွေးချယ်ထားသော Package အလိုက်နေသည့် အခန်းခများ၊
  • သားဖွားခန်း (သို့) ခွဲစိတ်ခန်းအသုံးပြုခများ၊
  • ဆေးရုံတက်နေစဉ်ကာလ အခန်းတွင်းဝန်ဆောင်မှုများ
  • နေ့စဉ်တာဝန်ကျဆရာဝန်များ၊ သူနာပြုများနှင့် သူနာပြုအကူများမှ လူနာအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊
  • ဆေးရုံရှိ သန့်ရှင်းရေးဝန်ထမ်းများမှ လူနာခန်းများအား နေ့စဉ်သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း၊
  • လူနာများအတွက် နေ့စဉ်သောက်ရေသန့်၊ နံနက်စာ၊ နေ့လည်စာ၊ ညနေစာပါဝင်ခြင်း၊
  • ရိုးရိုးမွေးဖွားခြင်း (သို့) နာကျင်မှုသက်သာစွာ မွေးဖွားခြင်းများအတွက် မွေးခန်းအတွင်းသုံးသည့်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ (ပိုးသတ်ဆေး၊ အနာသက်သာသည့်ဆေးနှင့် Drip များ)၊
  • မိခင်သားအိမ်ညှစ်အားနှင့် သန္ဓေသားနှလုံးခုန်သံစမ်းသပ်သော စက်များအသုံးပြုခြင်း၊
  • မွေးကင်းစကလေးအတွက် သွေးအုပ်စုနှင့်အမျိုးအစားခွဲခြင်း၊ (A, B, O, AB, RH)
  • မွေးရာပါသွေးအားနည်းရောဂါ (G6PD) စစ်ဆေးပေးခြင်း၊
  • ပထမအကြိမ် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးထိုးပေးခြင်း၊
  • မွေးစာရင်းအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် လေ ျှာက်ထားနိုင်ရန် (Birth Certificate) ထုတ်ပေးခြင်း၊
  • မွေးကင်းစကလေး ခြေဗွေရာပြုလုပ်ပေးခြင်း၊
  • ကလေးအသုံးအဆောင်လက်ဆောင်ပစ္စည်းများပေးခြင်း၊
နာကျင်မှုသက်သာစွာ မွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားမည့်သူများအတွက်
  • ECG, RBS စစ်ဆေးခများ၊ အောက်စီဂျင်သုံးစွဲခြင်း (လိုအပ်ပါက)၊ ခေတ်မှီစက်များဖြင့် ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ခန်းအတွင်း အသုံးပြုသည့် ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာအသုံးပြုခများ။
Package တွင် မပါဝင်သော ဝန်ဆောင်မှုများ
  • မွေးဖွားပေးသည့် (ရိုးရိုးမွေးဖွားခြင်း၊ နာကျင်မှုသက်သာစွာမွေးဖွားခြင်း၊ ခွဲစိတ်မွေးဖွားခြင်း) သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၏ မွေးဖွားခ၊ ခွဲစိတ်ခများ၊
  • ဆေးရုံတက်နေစဉ်အတွင်း အခန်းတွင်းသို့လာရောက်ကြည့်ရှုဆွေးနွေးခများ (သားဖွားမီးယပ်အထူးကုနှင့် ကလေးအထူးကုဆရာဝန်ကြီးများ)
  • မိခင် (သို့) ကလေးအတွက်ပုံမှန်မဟုတ်သော ကျန်းမာရေးအခြေအနေများအတွက် အသုံးပြုရသည့်ဆေးနှင့် စမ်းသပ်စစ်ဆေးမှုများ (Special Test) များ၊ အသုံးပြုရသည့်အခန်းနှင့် အသုံးအဆောင်များအား ပိုးသတ်ခများ၊
  • သွေးနှင့် သွေးနှင့်ဆိုင်သော ဆက်စပ်ပစ္စည်းများသွင်းခြင်း၊
  • Package ထဲတွင်ပါဝင်သော သတ်မှတ်ရက်ထက်ကျော်လွန်သောဆေးရုံတက်ရသည့် ရက်များ (အခန်းခနှင့် ဝန်ဆောင်ခများ)
  • မိခင်နှင့်ကလေးအတွက် အထူးပြုစုသည့် ဆရာမ (Special Nurese Fees) (သီးသန့်ခေါ်လိုပါက)
  • ဆေးရုံဆင်းသည့်အချိန်တွင် ယူဆောင်သွားရန်လိုအပ်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်များ။

The post Maternity Package first appeared on Shwe La Min Hospitals.

]]>
Room rate discount https://shwelaminhospitals.com/my/2022/12/21/room-rate-discount/ Tue, 20 Dec 2022 22:51:22 +0000 https://shwelaminhospitals.com/?p=26932 🏥ရွှေလမင်းဆေးရုံ လမ်းမတော်၊ ဟင်္သာတ၊ မော်လမြိုင်တွင် အတွင်းလူနာအဖြစ်တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် 2022 October (13) မှ 2023 January (13)အထိ 🛌အတွင်းလူနာအခန်းခနှုန်းထားများအား 30% Discount ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်

The post Room rate discount first appeared on Shwe La Min Hospitals.

]]>

🏥ရွှေလမင်းဆေးရုံ လမ်းမတော်၊ ဟင်္သာတ၊ မော်လမြိုင်တွင် အတွင်းလူနာအဖြစ်တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် 2022 October (13) မှ 2023 January (13)အထိ 🛌အတွင်းလူနာအခန်းခနှုန်းထားများအား 30% Discount ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်🤩

🏞သန့်ရှင်းကျယ်ဝန်းသော အခန်းများရှိခြင်း

🏪24နာရီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

🧹🧺နေ့စဉ်အခန်းသန့်ရှင်းရေးပြုလုပ်ပေးခြင်း

☕နံနက်စာ၊ 🍱နေ့လည်စာ၊ 🍲ညနေစာ (လူနာအတွက်)ပါဝင်ခြင်း အစရှိသော

ဝန်ဆောင်မှုများဖြင့် လူနာများအဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်စေရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိပါသည်။

🏨ရွှေလမင်းဆေးရုံ(လမ်းမတော်)
အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
☎01-2301949

🏨ရွှေလမင်းဆေးရုံ(ဟင်္သာတမြို့)
အမှတ် (၃၂)၊ ဗိုလ်စောမောင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့။
☎044-2021375

🏨ရွှေလမင်းဆေးရုံ(မော်လမြိုင်မြို့)
အမှတ်(၁)၊ မြို့ရှောင်လမ်း၊ ဒိုင်ဝန်းကွင်း၊ မော်လမြိုင်မြို့။
☎057- 2026202

The post Room rate discount first appeared on Shwe La Min Hospitals.

]]>
World Pneumonia Day https://shwelaminhospitals.com/my/2022/11/12/world-pneumonia-day/ Fri, 11 Nov 2022 21:11:06 +0000 https://shwelaminhospitals.com/?p=26906 အဆုတ်ရောင်ရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာသောဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊မှိုရောဂါပိုးနှင့်မသန့်ရှင်းသောလေတို့ကြောင့်အဆုတ်အတွင်းရှိလေအိတ်ငယ်များရောင်ရမ်းခြင်းတို့ကြောင့်ဖြစ်ပြီးသာမန်အဆုတ်ရောင်အခြေအနေမှပြင်းထန်သောရောဂါအခြေအနေသို့ရောက်ရှိကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။

The post World Pneumonia Day first appeared on Shwe La Min Hospitals.

]]>

World Pneumonia Day 2022

Author- Wint

ယနေ့ နိုဝင်ဘာလ(၁၂)ရက်နေ့သည် ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့ဖြစ်ပါသည်။

အဆုတ်ရောင်ရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်လာသောဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊မှိုရောဂါပိုးနှင့်မသန့်ရှင်းသောလေတို့ကြောင့်အဆုတ်အတွင်းရှိလေအိတ်ငယ်များရောင်ရမ်းခြင်းတို့ကြောင့်ဖြစ်ပြီးသာမန်အဆုတ်ရောင်အခြေအနေမှပြင်းထန်သောရောဂါအခြေအနေသို့ရောက်ရှိကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။

Pneumoniaရောဂါသည်လူတိုင်းတွင်ဖြစ်ပွါးနိုင်သော်လည်းအသက်၅နှစ်အောက်ကလေးများ၊

၆၅နှစ်အထက်လူကြီးများ၊ ခုခံအားနည်းသူများ၊ ဆေးလိပ်သောက်သူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများတွင်ဖြစ်ပွါးနိုင်ချေများပြီးရောဂါပြင်းထန်ကြောင်းတွေ့ရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးအနေနှင့်လည်းအသက်ငါးနှစ်အောက်ကလေးများတွင်အဆုတ်ရောင်ရောဂါဖြစ်နှုန်းများပြီးသေဆုံးနှုန်းလည်းများပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်းတစ်ကမ္ဘာလုံးရှိ ငါးနှစ်အောက်ကလေးသေဆုံးနှုန်းစုစုပေါင်းရဲ့၁၅ရာခိုင်နှုန်းကအဆုတ်ရောင်ရောဂါကြောင့် သေဆုံးသည်ဟုတွေ့ရှိရပါသည်။

Pneumonia ရောဂါလက္ခဏာများ

  • ချောင်းဆိုးခြင်း
  • ဖျားနာခြင်း
  • အသက်ရှုရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ပင်ပန်းနွမ်းလျခြင်း
  • ပျို့အန်ခြင်းစသည်ဖြင့် ဖြစ်ပေါ်စေနိုင်ပါသည်။

ကလေးငယ်များတွင်အသက်ရှုနှုန်းမြန်ခြင်း၊အသက်ရှုလျှင်ရင်ဘတ်ချိုင့်ဝင်ခြင်း၊နို့မစို့နိုင်ခြင်းစသည်ဖြင့် ရောဂါလက္ခဏာများ တွေ့ရတတ်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးများအနေနှင့်လည်း အဆုတ်ပြည်တည်ခြင်း၊ဘက်တီးရီးယားပိုးများ တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားပြီးသွေးဆိပ်တက်ခြင်း၊အဆုတ်အမြှေးပါးကြားရေခိုအောင်းခြင်း၊ အသက်ရှုရခက်ခဲခြင်း၊Oxygenကျခြင်းတို့ဖြစ်ပေါ်စေနိုင်ပါသည်။

Pneumoniaအဆုတ်ရောင်ရောဂါသည်ကြိုတင်ကာကွယ်နိုင်ပြီးကုသ၍ရသောရောဂါတစ်ခုဖြစ်ပါသည်။ထို့ကြောင့်ရောဂါမဖြစ်ပွါးအောင်ကာကွယ်ရန်နည်းလမ်းများကိုသိရှိထားပြီးဖြစ်ပွါးပါကလဲ ဆေးရုံ၊ဆေးခန်းသို့သွားရောက်၍  စနစ်တကျကုသမှုခံယူရန် အရေးကြီးပါသည်။

Pneumonia ရောဂါကာကွယ်ရန်နည်းလမ်းများ

  • ဆေးလိပ်သောက်သုံးခြင်းနှင့် မီးခိုးငွေ့တို့ကို ရှောင်ကြဉ်ပါ။
  • မိမိနေအိမ်ကို လေကောင်းလေသန့်ရရှိအောင် ပြုလုပ်ပါ။
  • ထင်းမီးခိုးငွေ့၊ခြင်ဆေးခွေ၊အမွှေးတိုင်စသည့်အငွေ့များကိုရှောင်ကြဉ်ပါ။
  • လက်ကိုအမြဲ ဆေးကြောသန့်စင်ပါ။
  • လူဦးရေထူထပ်သည့်နေရာများသို့သွားလျှင် Maskတပ်ပါ။
  • တုပ်ကွေးရောဂါကာကွယ်ဆေးများကိုနှစ်စဉ်ထိုးနှံပါ။
  • အဆုတ်ယောင်နမိုးနီးယားရောဂါကာကွယ်ဆေးထိုးနှံပါ။
  • ကလေးများကို၂လ၊၄လ၊၆လတွင်ပုံမှန်ကာကွယ်ဆေးအပြည့်အဝထိုးနှံပါ။အသက်၆လ ပြည့်သည့်အထိမိခင်နို့တစ်မျိုးထဲသာ တိုက်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။အိပ်စက်အနားယူပါ။
  • ကျန်းမာရေးနှင့် ညီညွတ်အောင် အာဟာရပြည့်ဝစွာ စားသုံးပါ။

အဆုတ်ရောင်ရောဂါ(Pneumonia)သည်Covid19ရောဂါပိုးကြောင့်လည်းဖြစ်ပွါးစေနိုင်၍ ရောဂါပြင်းထန်မှုကိုပိုမိုမြင့်တက်စေနိုင်ပြီးအသက်ဆုံးရှုံးသည်အထိဖြစ်ပေါ်စေနိုင်ပါသည်။

သို့ဖြစ်ပါ၍Pneumoniaရောဂါမဖြစ်ပွါးစေရန်ကာကွယ်ရေးနည်းလမ်းများအတိုင်း အထူးသတိပြုဆင်ခြင်နေထိုင်သင့်ပါသည်။ထို့အပြင်Covid-19 ရောဂါမဖြစ်ပွါးရန် စည်းကမ်းချက်များနှင့်အညီလိုက်နာနေထိုင်ရန်လည်းအရေးကြီးပါသည်။

ရွှေလမင်းဆေးရုံမှPneumoniaနှင့်ပတ်သက်သည့်ကျန်းမာရေးဗဟုသုတများကို မေတ္တာဖြင့်မျှဝေပေးခြင်းဖြစ်ပါသည်။

လူကြီးမင်းအပေါင်းတို့အားရောဂါဘယကင်းဝေးပြီးကျန်းမာပျော်ရွှင်သာယာဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ရွှေလမင်းဆေးရုံမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်ရှင့်။

#shwelaminhospital

#World_Pneumonia_Day

The post World Pneumonia Day first appeared on Shwe La Min Hospitals.

]]>
world mental health day https://shwelaminhospitals.com/my/2022/10/10/world-mental-health-day/ Sun, 09 Oct 2022 22:00:04 +0000 https://shwelaminhospitals.com/?p=26811 စိတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လူသားတွေရဲ့ဘဝ Lifestyle တွေမှာလဲ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

The post world mental health day first appeared on Shwe La Min Hospitals.

]]>

World Mental Health day 2022

ယနေ့ အောက်တိုဘာလ(၁၀)ရက်နေ့သည်ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပါတယ်။

“World Mental Health Day 2022”ရဲ့ Theme ကတော့make mental health for all a global priorityပဲဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လူသားတွေရဲ့ဘဝ Lifestyle တွေမှာလဲ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ယခုကာလတွင် လူတိုင်းလူတိုင်းသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အနည်းနဲ့အများခံစားနေကြရမည်မှာ မလွှဲမသွေဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့၏ စိတ်ကျန်းမာရေး (သို့) စိတ်ဖိစီးမှုများဖြေလျော့စေရန်အတွက် စိတ်နှင့်ပတ်သက်သော လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါသည်။

မြန်ဆန်ပြီး လုပ်ရလွယ်ကူတဲ့ နည်းလမ်း()ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

  • စိတ်ဖိစီးမှုများပြီး မွှန်းကျပ်လာပြီဆိုလျှင် အသက်ကိုပြင်းပြင်းရှုလိုက်ပါ၊ ပြီးမှ ဖြေးဖြေးချင်းပြန်ထုတ်ပါ၊ ၅ကြိမ်လောက် အနည်းဆုံးပြုလုပ်ပေးပါ။
  • လမ်းလျှောက်ပြီး အကြောလျှော့လေ့ကျင့်ခန်းလုပ်တာကလဲ သွေးလည်ပတ်မှုကောင်းစေပြီး စိတ်ကိုပေါ့ပါးစေပါတယ်။
  • မိမိကြိုက်နှစ်သက်တဲ့သီချင်း နားထောင်ပါ။
  • ရေများများသောက်ပေးပါ၊ စိတ်ဖိစီးမှုလျော့ကျစေသလို ကျန်းမာရေးအတွက်လဲကောင်းပါတယ်။
  • တစ်ယောက်ယောက်နဲ့ စကားပြောပြီး ရယ်မောလိုက်ပါ။

ထို့ကြောင့် “World Mental Health Day” မှအစပြု၍ မိမိတို့၏ စိတ်ကျန်းမာရေးသာမက မိမိတို့လူ့ပတ်ဝန်းကျင်ရှိ စိတ်ရောဂါခံစားနေရသောသူများကို ပစ်မထားဘဲ ဖေးမကူညီအားပေးခြင်းဖြင့် သာယာလှပသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ကြပါစို့။

The post world mental health day first appeared on Shwe La Min Hospitals.

]]>
World Rabies Day https://shwelaminhospitals.com/my/2022/09/28/worldrabiesday/ https://shwelaminhospitals.com/my/2022/09/28/worldrabiesday/#respond Wed, 28 Sep 2022 03:43:20 +0000 https://shwelaminhospitals.com/?p=26610 ခွေးရူးရောဂါကြိုတင်ကာကွယ်နိုင်ရန် အိမ်မွေးတိရစ္ဆာန် ခွေး၊ကြောင်များကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ပြင်ပမှ အခြားတိရစ္ဆာန်များနှင့် မထိတွေ့စေရန် ကာကွယ်ခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။အကိုက်ခံရပါကလည်း ခွေးရူးကာကွယ်ဆေးကို ၂၄နာရီအတွင်း ထိုးရပါမည်။

The post World Rabies Day first appeared on Shwe La Min Hospitals.

]]>

Author- Wint

ယနေ့ စက်တင်ဘာ၂၈ရက်နေ့သည် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ဖြစ်ပါသည်။

ခွေးရူးရောဂါဖြစ်ပွါးမှုကို ကြိုတင်ကာကွယ်သိရှိနိုင်ရန်နှင့် သေဆုံးမှုလျော့ကျစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပလေ့ရှိကြပါသည်။ ခွေးရူးရောဂါဆိုသည်မှာ Rabies Virus ဟုခေါ်သော ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး တိရစ္ဆာန်မှတစ်ဆင့်လူကိုကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ခွေးရူးရောဂါဖြစ်ပွါးရခြင်းမှာအများအားဖြင့်ရောဂါပိုးရှိသော ခွေးကိုက်ခံရ၍ဖြစ်သော်လည်း အခြား ကြောင်၊လင်းနို့၊မျောက်နှင့် အခြားတိရစ္ဆာန်များမှလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်နိုင်ပါသည်။ရောဂါပိုးရှိသော တိရစ္ဆာန်၏ သွားရည်တို့မှ ကိုက်သည့်အချိန်တွင် ကူးစက်ခံရခြင်း၊လူ့ခန္ဓာကိုယ်၏ ဒဏ်ရာနှင့် အနာတို့ကို သွားရည်နှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်ခံရနိုင်ပါသည်။ တစ်နှစ်လျှင် ကမ္ဘာပေါ်ရှိ လူအယောက်တစ်ထောင်တွင် ဆယ်ဦးခန့်သည် ခွေးရူးရောဂါကြောင့် သေဆုံးလျက်ရှိပါသည်။ခွေးရူးရောဂါဖြစ်ပွါးပါက ရောဂါ၏သေဆုံးနှုန်းမှာ ၉၉%အထိရှိပါသည်။

ခွေးရူးရောဂါလက္ခဏာများ

ရောဂါဖြစ်ခါစတွင် ဖျားနာခြင်း၊နာကျင်ကိုက်ခဲခြင်း၊ကိုက်ခံရသည့်ဒဏ်ရာနေရာတွင် ပူစပ်ခြင်း၊ထုံကျဉ်ခြင်းစသည်ဖြင့် ဖြစ်တတ်ပါသည်။

နောက်ပိုင်းတွင် အာရုံကြောနှင့် ဦးနှောက်သို့ တဖြည်းဖြည်းပြန့်သွားပြီး အာရုံကြောများယောင်ရမ်းခြင်း၊ရေကြောက်ခြင်း၊လေနှင့်ထိတွေ့မှုကိုကြောက်ခြင်း၊ရေမျိုချလျှင်ပင် လည်ပင်းကြွက်သားများတင်းကျပ်မှုကြောင့်မမျိုချနိုင်ခြင်း၊တံတွေးအလွန်အမင်းထွက်ခြင်း၊ကယောင်ကတမ်းဖြစ်ခြင်း၊ဂနာမငြိမ်ခြင်း၊တက်ခြင်းစသဖြင့်ဖြစ်ကာသေဆုံးသည်အထိဖြစ်ပေါ်စေနိုင်ပါသည်။

ရောဂါပျိုးချိန်မှာ အကိုက်ခံရသောနေရာနှင့် ဦးနှောက်ဆီသို့ ပျံ့နိုင်သောအကွာအဝေး၊ကိုယ်ခံအားတို့အပေါ်မူတည်ပြီး ရက်သတ္တပတ်မှ နှစ်ချီ၍ကြာတတ်ပါသည်။

ခွေးရူးရောဂါသည်ဖြစ်ပွါးသူအယောက်၁၀၀တွင် ၉၉ယောက်မှာ သေဆုံးသည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသောရောဂါပိုးဖြစ်သည့်အတွက် မဖြစ်ပွါးအောင် အကိုက်ခံရပါက ရောဂါပိုးမဝင်အောင်ကြိုတင်ကာကွယ်မှုများပြုလုပ်ရပါမည်။

ရောဂါမဖြစ်ပွါးရန် အရင်ဆုံး တိရစ္ဆာန်အကိုက်မခံရအောင် နှင့် တိရစ္ဆာန်တို့၏ သွားရည်၊တံတွေးတို့နှင့် ထိတွေ့မှု ရှောင်ကြဉ်ရပါမည်။

မရှောင်နိုင်၍အကိုက်ခံရပြီဆိုလျှင်လည်း

  • ဒဏ်ရာကို ရေများများနှင့် ၁၅မိနစ်ကြာအောင် ချက်ချင်း ရေဆေးချပါ။
  • ဒဏ်ရာကို မည်သည့်အရာနှင့်မှ မအုပ်ပါနှင့်။
  • ဒဏ်ရာထဲသို့ မည်သည့်ပစ္စည်းမှမထည့်ပါနှင့်။
  • ဆေးရုံသို့သွားပါ။
  • ခွေးရူးကာကွယ်ဆေးထိုးနှံပါ။
ကာကွယ်ဆေးထိုးရန်

ခွေးရူးရောဂါကြိုတင်ကာကွယ်နိုင်ရန် အိမ်မွေးတိရစ္ဆာန် ခွေး၊ကြောင်များကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ပြင်ပမှ အခြားတိရစ္ဆာန်များနှင့် မထိတွေ့စေရန် ကာကွယ်ခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။အကိုက်ခံရပါကလည်း ခွေးရူးကာကွယ်ဆေးကို ၂၄နာရီအတွင်း ထိုးရပါမည်။

ကာကွယ်ဆေးထိုးလျှင် အရင်ဆုံး မေးခိုင်ကာကွယ်ဆေးထိုးရပါမည်။ပြီးလျှင် ခွေးရူးပြန်ကာကွယ်ဆေးနှင့်အတူ ဒဏ်ရာပြင်းထန်မှုနှင့်ကိုက်သည့်ခွေးအခြေအနေပေါ်မူတည်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်ပါက ခွေးရူးပြန်ရောဂါကိုခုခံပေးသော ပဋိပစ္စည်း Rabies Immunoglobulin(RIG)ကိုပါ အနာပတ်လည်တွင် ထိုးရမည်ဖြစ်ပါသည်။

ခွေးရူးပြန်ကာကွယ်ဆေးထိုးရမည့် နည်းလမ်းများ၊ထိုးနှံရမည့် ရက်များသည် အမျိုးမျိုးရှိသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ထိုးရန်ပို၍သင့်တော်ပါသည်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အိမ်တွင်တိရစ္ဆာန်များမွေးထားသည့်သူများ၊တိရစ္ဆာန်ဆရာဝန်များ စသည်ဖြင့် တိရစ္ဆာန်နှင့် ထိတွေ့မှုများသည့်သူများအနေဖြင့် ကြိုတင်ထိုးနှံ၍ကာကွယ်နိုင်ပါသည်။

ကြိုတင်အနေနှင့်ဆိုလျှင်

  • ကာကွယ်ဆေးပထမအကြိမ်ထိုးပြီးလျှင် ဒုတိယအကြိမ်အဖြစ် ၇ရက်ကြာပါကထိုးနှံရမည်ဖြစ်ပြီး ၂၁ရက် ကြာပါက သုံးကြိမ်မြောက်အဖြစ်ထိုးနှံရပါမည်။
  • နောက်ထပ် ထပ်တိုး(Booster Dose)အနေနှင့်လည်း ၂နှစ်(သို့)၃နှစ် တစ်ကြိမ် ထိုးနှံရမည်ဖြစ်ပါသည်။

ခွေးရူးရောဂါသည် အသက်အန္တရာယ်ထိခိုက်စေနိုင်သော ရောဂါတစ်ခုဖြစ်သောကြောင့် ခွေး၊ကြောင်တို့အကိုက်ခံရပါကခွေးရူးပြန်ကာကွယ်ဆေးကိုအချိန်မှီထိုးနှံရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ခွေးရူးရောဂါဖြစ်ပွါးမှုနှုန်းနှင့် သေဆုံးမှုနှုန်းလျော့ကျစေရန်ရည်ရွယ်၍ ခွေးရူးရောဂါဆိုင်ရာအသိပညာဗဟုသုတများကို လူတိုင်းသိရှိစေနိုင်ရန် မိဘပြည်သူတို့အား ရွှေလမင်းဆေးရုံမှ အသိပညာမျှဝေပေးခြင်းဖြစ်ပါသည်။

The post World Rabies Day first appeared on Shwe La Min Hospitals.

]]>
https://shwelaminhospitals.com/my/2022/09/28/worldrabiesday/feed/ 0
Happy World Pharmacist Day https://shwelaminhospitals.com/my/2022/09/22/happy-world-pharmacist-day/ Thu, 22 Sep 2022 11:54:00 +0000 https://shwelaminhospitals.com/?p=26528 World Pharmacist Day ကို Internation Pharmaceutical Fedration Council (FIP) မှ 2009 ခုနှစ်တွင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ FIP စတင်ပေါ်ပေါက်လာတဲ့ 1912 September 25 ကိုပဲ wpd အဖြစ် သတ်မှတ်လိုက်တယ်လို့လဲ သိရပါတယ်။

The post Happy World Pharmacist Day first appeared on Shwe La Min Hospitals.

]]>

ပထမဦးစွာ အနေနဲ့ Happy World Pharmacist Day ပါ။

Health care နယ်ပယ် အသီးသီးမှာ တာ၀န်ယူလုပ်ကိုင်နေကြသော Pharmacist များအားလုံးကို ဂုဏ်ပြုချင်ပါတယ်။

World Pharmacist Day ကို Internation Pharmaceutical Fedration Council (FIP) မှ 2009 ခုနှစ်တွင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ FIP စတင်ပေါ်ပေါက်လာတဲ့ 1912 September 25 ကိုပဲ wpd အဖြစ် သတ်မှတ်လိုက်တယ်လို့လဲ သိရပါတယ်။

Pharmacist (ဆေးဝါးပညာရှင်) တွေဆိုတာက ဆေးဝါးနဲ့ ပတ်သက်သော ပညာရပ်တွေကို သင်ကြားပြီး Bachelor of Pharmacy ဘွဲ့ကို ရရှိထားတဲ့ သူများ ဖြစ်ပါတယ်။ Pharmacist တွေ အနေနဲ့ public health မှာ လူနာတွေ အတွက်ရော health care professionals တွေ အတွက်ပါ medical knowledge နဲ့ advice တွေ ပေးနေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဆရာ၀န်တွေရဲ့ ကုသမှု prescription ကို လူနာများဆီ မှန်မှန်ကန်ကန် ရောက်သွားအောင် right drug, dosage, duration ဖြစ်အောင် ပြုလုပ်ပေးရတဲ့သူတွေ ဖြစ်တဲ့ အတွက် ကျွန်မတို့ Pharmacist တွေရဲ့ တာ၀န်က public health မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု အနေနဲ့ ပါ၀င်ပါတယ်။ ဒါကြောင့် အခုလို professional role တစ်ခု ကို တာ၀န်ယူလုပ်ကိုင်နေရတဲ့ သူတွေ အနေနဲ့ Patient safety နှင့် medicine optimisation အတွက်လဲ အခြားသော health crae profession များဖြင့် ပူပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Pharmacy : Always trusted for your health ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူနာတွေရဲ့ ကျန်းမာရေးအတွက် ယုံကြည်ရတဲ့သူ ယုံကြည်ထိုက်တဲ့သူများဖြစ်အောင် မိမိရဲ့ professional ကို ယခုထပ်ပိုပြီး အဆင့်မြင့်အောင် မိမိတတ်စွမ်းသလောက် ကြိုးစားသွားကြဖို့ အားလုံးသော Pharmacist များကို အကြံပြုရင်း World Pharmacist Day အတွက်က်ို ထပ်မံ ဂုဏ်ပြုချင်ပါတယ်။

The post Happy World Pharmacist Day first appeared on Shwe La Min Hospitals.

]]>