မိတ်ဆက်
ဒူးဆစ်ဆိုတာ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပေးတဲ့ ခြေထောက်ရဲ့ ကြီးမားတဲ့ အရိုးအဆစ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ ဒူးမှာရှိတဲ့ ဒူးဆစ်ကို ကာကွယ်ပေးထားတဲ့ အရိုးနုလေးက ယိုယွင်း ပျက်စီးလာပြီးတော့ -နာတာရှည် ဒူးနာခြင်း အရိုးပွခြင်းကြောင့် ဖြစ်သော ဒူးနာခြင်း ဒူးအဆစ်ရောင်ခြင်း (𝐎𝐬𝐭𝐞𝐨𝐚𝐫𝐭𝐡𝐫𝐢𝐭𝐢𝐬) ဒူးတစ်ဝိုက်ရောင်ရမ်းခြင်း ဒူးကြွက်သား အားနည်းလာခြင်း နေ့စဉ်လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် ခက်ခဲခြင်း ဒူးအပြည့်အဝဆန့်မရခြင်း ပြင်းထန်သောထိခိုက်ဒဏ်ရာရရှိခြင်း အားကစားသမားများ ခံစားရလေ့ရှိသော ထိခိုက်ဒဏ်ရာတွေကို တွေ့ကြုံရခြင်း စတာတွေကို ကြုံတွေ့ ခံစားရပြီး နောက်ဆက်တွဲ ရောဂါပြဿနာများကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆိုရင်တော့ ကျွမ်းကျင်အရိုးအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော ကုသမှုများ ပြုလုပ်ဖို့က အရေးကြီးလှပါတယ်။
ဒူးခေါင်းအရိုးအဆစ်များ ရောင်ရမ်းတောင့်တင်းနာကျင်ပြီး နေ့စဥ်လုပ်ငန်း ဆောင်တာများ ထိခိုက်လာလျှင်
ဒူးကိုပြင်းထန်သောထိခိုက်မှု ရှိခဲ့လျှင်
ဒူးပုံသဏ္ဍာန်ပျက်လာခဲ့လျှင်
သောက်ဆေး၊ ထိုးဆေးများဖြင့် ကုသသော်လည်း၊ မသက်သာပဲ နားနေချိန်မှာပါ နာနေလျှင်
ဒီလိုအခြေအနေမျိုးတွေမှာ မကုသဘဲ ထားလိုက်မယ်ဆိုရင် ဒူးမှာ ရှိတဲ့ အရိုးနုအစွန်းတွေက တဖြည်းဖြည်း ပျက်စီးသွားပြီး ဒူးပုံသဏ္ဍာန်ပျက်ခြင်းနဲ့ ဆိုးရွားစွာ ဒူးနာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကုသတဲ့နေရာမှာ ဆေးဝါးများနဲ့ ကုသနည်းအပြင် ပိုမိုထိရောက်ပြီး သေချာတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ ဒူးဆစ်အစားထိုး ခွဲစိတ်ကုသခြင်း(𝐓𝐨𝐭𝐚𝐥 𝐊𝐧𝐞𝐞 𝐑𝐞𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 Surgery )ကို လုပ်ဆောင်နိုင်ပါတယ်။
𝐓𝐨𝐭𝐚𝐥 𝐊𝐧𝐞𝐞 𝐑𝐞𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 Surgery ဆိုတာ ဘာလဲ
Total Knee Replacement ဆိုတာ ဒူးခေါင်းအရိုးအဆစ်ထဲမှ ပျက်စီးနေသော၊ မကောင်းသော ပျက်စီး ယိုယွင်းနေတဲ့ အရိုးနုအစိတ်အပိုင်း များကို ဖယ်ထုတ်ပြီး သတ္တု (သို့) ပလတ်စတစ်အစားထိုးပစ္စည်း (Implants) များဖြင့် ပုံမှန်နေ့စဉ်နေထိုင် သွားလာလှုပ်ရှားမှုအတိုင်း ရရှိနိုင်အောင် အစားထိုးခွဲစိတ် ကုသပေးတာပဲ ဖြစ်ပါတယ်။
𝐓𝐨𝐭𝐚𝐥 𝐊𝐧𝐞𝐞 𝐑𝐞𝐩𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 Surgery (TKR) လုပ်ရင် ဘာတွေ ကောင်းသွားနိုင်လဲ ?
ခွဲစိတ်မှုပြီးနောက်ပိုင်း ဒူးနာကျင်မှု သိသိသာသာ သက်သာသွားပြီး လှုပ်ရှားရ လွယ်ကူသွားပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ခြေထောက်နဲ့ ဒူးရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။
ရွှေလမင်းဆေးရုံကြီးမှ ကျွမ်းကျင်သော အရိုးအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော ကုသမှုများ ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။