World Alzheimer’s Day

ယနေ့ စက်တင်ဘာ ၂၁ရက်နေ့သည် World Alzheimer’s day ဖြစ်ပါသည်World Alzheimer’s day ကျင်းပရခြင်း၏ ယခုနှစ် ဆောင်ပုဒ်မှာ Dementia ရောဂါအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်ချက်ဖြစ်ပါသည်။

ကမ္ဘာ့သုတေသီများရဲ့ ခန့်မှန်းချက်အရ ၂၀၅၀ ခုနှစ်ရောက်လျှင် မှတ်ညဏ်လျော့ပါးလာသည့်ရောဂါ Dementia ရောဂါရဲ့  ၆၈%ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

အယ်ဇိုင်းမားရောဂါဆိုတာ ဘာလဲ ?

Dementia ရောဂါများထဲမှ အယ်ဇိုင်းမားရောဂါသည် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်ပါသည်။ ဦးနှောက်သည်ပုံမှန်အားဖြင့်Blood cell သိန်းသန်းပေါင်းများစွာက တခုနှင့်တခု ချိတ်ဆက်ပြီး အလုပ်လုပ်လေ့ရှိပါသည်။

အယ်ဇိုင်းမားရောဂါဖြစ်ပွါးပါက မူမမှန်သည့် Abnormal proteins များကြောင့် ပုံမှန်ဆဲလ်များဆုံးရှုံးရပါသည်။

ထို့ကြောင့် ဦးနှောက်သည် ပုံမှန်ထက်ပိုကျုံ့၍ ပုံမှန်လုပ်နေကျ လုပ်ငန်းဆောင်တာများ မလုပ်နိုင် ရခြင်းဖြစ်ပါသည်။

အယ်ဇိုင်းမားရောဂါက ဘယ်သူတွေမှာ အဖြစ်များလဲ?

အသက်၆၅နှစ်ကျော်လူကြီးများတွင် ပိုအဖြစ်များပါသည်။အသက်၅နှစ်ကြီးလာသည်နှင့်တစ်ပြိုင်နက် ရောဂါဖြစ်ပွါးမှုနှုန်းက ၂ဆတက်လာနိုင်ပါသည်။ အသက်၈၀ကျော်လာသည်နှင့်လူ၆ဦးတွင် ၁ဦးမှာ အယ်ဇိုင်းမားရောဂါရှိနိုင်သည်ဟုသုတေသီများကဆိုကြပါသည်။

အချို့သူများထံတွင် မျိုးရိုးလိုက်၍ဖြစ်ပွါးနိုင်၍သွေးတိုး၊နှလုံး၊ဆီးချို၊အဝလွန်သူများ၊သွေးထဲတွင် အဆီများသူ၊ဦးနှောက်တွင် ထိခိုက်ဒဏ်ရာရဖူးသူများတွင် ပိုမိုဖြစ်ပွါးနိုင်ပါသည်။

အယ်ဇိုင်းမားရောဂါလက္ခဏာများ

  • Memory loss (မေ့တတ်ခြင်း)
    အယ်ဇိုင်းမားရောဂါခံစားနေရသူများတွင် အတွေ့အများဆုံး ရောဂါလက္ခဏာတခုဖြစ်ပါသည်။ လတ်တလောတွင် မိမိပြုလုပ်ခဲ့သည့် အရာများကို မေ့တတ်ခြင်းဖြစ်ပါသည် ဒီနေ့ မနက်စာ ဘာစားခဲ့လဲ အစရှိသည်တို့ကို မေ့တတ်ခြင်းဖြစ်ပါသည်
  • Difficulty performing familiar tasks(လုပ်နေကျ အလုပ်များကို လုပ်နိုင်စွမ်းမရှိခြင်း)
    မိမိလုပ်နေသည့်အလုပ်များကို မမှတ်မိနိုင်ဘဲ ထပ်ခါတလဲလဲပြုလုပ်မိခြင်းဖြစ်ပါသည်။
  • Difficulty with language (ဘာသာစကားစွမ်းရည် ကျဆင်း)
    တစ်ပါးသူ စကားပြောသည်များကို နားထောင်ဖို့ အာရုံမစူးစိုက်နိုင်ခြင်း၊
    တစ်ခြားသူနားလည်အောင် စကားသေချာမပြောနိုင်ခြင်း၊စာဖတ်ရာတွင်လဲ အဓိပ္ပာယ်နားမလည်နိုင်ခြင်း၊
  • Disorientation to time and place (အချိန်နှင့် နေရာ သိရှိမှုအားနည်းလာ)
    နေ့နှင့် ည အချိန်မှားကာ နေ့ဘက်တွင်အိပ်နေတတ်ပါသည်။
    ညဘက်မအိပ်ဘဲ နေ့ဘက်အထင်ဖြင့် အပြင်လျှောက်ထွက်တတ်ခြင်း၊
    သွားနေကျနေရာများမသွားတတ်တော့ဘဲ လမ်းမှားတတ်ခြင်း။
  • Poor or decreased judgement
    လုပ်ငန်းခွင်တွင် တွေဝေပြီးမှန်ကန်စွာ မဆုံးဖြတ်နိုင်ခြင်။း
  • Problems keeping track of things
    မိမိတနေ့တာလုပ်ခဲ့သည်များကို မမှတ်မိခြင်း။
  • Misplacing things
    ပစ္စည်းများအထားမှားခြင်း။
  • Mood and personality changes(စိတ်ခံစားမှု၊အမူအကျင့်များ ပြောင်းလဲ)
    ကြောက်စိတ်များလာ၍ စိတ်တို၊စိတ်ဆတ်ဖြစ်ခြင်း။
  • Trouble with images & spatial relationships (ပတ်ဝန်းကျင် မမှတ်သားနိုင်)
    မိမိအိမ်တွင် အိမ်သာဘယ်အခန်းလဲ စသည်ဖြင့်မမှတ်မိတော့ခြင်း။
  • Withdrawl from work or social activities
    လူမှုဆက်ဆံရေး စိတ်ဝင်စားမှုနည်းလာခြင်း။
  • Repeating questions
    မေးပြီးသား မေးခွန်းအား ထပ်ခါတလဲလဲ ပြန်၍မေးမိခြင်း

မိမိ၏လုပ်ငန်းဆောင်တာများကို တခါတရံမေ့တတ်သည်နှင့်လဲ မှတ်ညဏ်လျော့ပါးလာသော ရောဂါဟု တထစ်ချ ယူဆ၍မရနိုင်ပါ။ လူသားတိုင်းသည် အလုပ်များခြင်း၊စိုးရိမ်စိတ်များခြင်း၊စိတ်ဓာတ်ကျသည့် အချိန်များတွင် ပုံမှန်ထက်ပို၍ မေ့တတ်ကြပါသည်။

အသက်ကြီးလာလျှင်လူတွေရဲ့ ဦးနှောက်သည် တဖြည်းဖြည်း ကျုံ့လာသည့်အတွက် မှတ်ညဏ်အနည်း ငယ်လျော့ပါးလာသည်မှာ သဘာဝပင်ဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်ရှိ လူကြီးများထံတွင်အယ်ဇိုင်းမားရောဂါ လက္ခဏာများတွေ့ရှိရပါက ရွှေလမင်းဆေးရုံကြီး မှ ယုံကြည်စိတ်ချရသော ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် အမြန်ဆုံးပြသ၍ ကုသမှုခံယူရန် မေတ္တာဖြင့် နှိုးဆော်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *