💠Endoscopy Center
🏥ရွှေလမင်းဆေးရုံ(လမ်းမတော်)၏ မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသမှုဌာနကို Building B, Level-4 တွင် ဖွင့်လှစ်ထားရှိိပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်💝
💠 နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ် ဂျပန်နိုင်ငံလုပ် Olympus ကုမ္ပဏီထုတ် အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းကို CV-1500 စက်ပစ္စည်း မှန်ပြောင်း၊ အူမလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းကို Colonoscope model CF-HQ 190L မှန်ပြောင်းများအသုံးပြု၍ အကောင်းမွန်ဆုံး ကြည့်ရှုကုသ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
GI Endoscopy ဆိုတာဘာလဲ❓
🔹GI Endoscopy ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းပိုင်းရှိ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ရောဂါအခြေအနေများကို နာကျင်မှုမရှိ၊ မခွဲမစိတ်ဘဲ မှန်ပြောင်းပါသည့် ပျော့ပြောင်းသော (Flexible) လက်သန်းလုံးခန့်ပိုက်ငယ် (Fibre Optic Endoscope) ကို အသုံးပြု၍
အစာမျိုပြွန်လမ်းကြောင်းမှစတင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက် (or) စအိုမှတဆင့် အူမကြီးတလျှောက် ပုံမှန်မဟုတ်သော ရောဂါအခြေအနေများကို ကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုကာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို တစ်ချိန်တည်းပြုလုပ်နိုင်သော Real time ပုံရိပ်ဖော်နည်းပညာတစ်မျိုးဖြစ်ပါသည်။
🔹အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းပိုင်းအထိရှင်းလင်းပြီး Full HD Image resolution quality အပြည့်အဝကို ရရှိစေနိုင်မည့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်များကြောင့် ခန္ဓာကိုယ်တွင်းဆိုင်ရာရောဂါများကို ရှာဖွေကုသရေးအတွက် များစွာ အထောက်အကူဖြစ်စေပါသည်။
📷Capture Image နဲ့ Video recording များကို ကုသမှု Examination အစအဆုံး မှတ်တမ်းတင်ထားနိုင်ပါသည်။
🔹 အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတွင်
၁။ အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း – Gastroscopy (Upper GI Endoscopy)
၂။ အူမလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း – Colonoscopy / Sigmoidoscopy (Lower GI Endoscopy) ဟူ၍ရှိပါသည်။
အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာရောဂါများကို အစာအိမ် နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါအခြေအနေများကို စောစီးစွာ သိရှိပြီး တစ်ချိန်ထဲမှာပင် ကုသမှုခံယူနိုင်သောကြောင့် အကျိုးထိရောက်သော ရောဂါ ရှာဖွေကုသ ( Both therapeutic & Investigative) ရောဂါကုထုံးတစ်မျိုး ဖြစ်ပါသည်။
မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသရာတွင်အစာအိမ်နှင့်အူလမ်းကြောင်းတွင်အဖြစ်များသော ရောဂါများကို အချိန်တိုအတွင်း လူနာအား သက်တောင့်သက်သာဖြင့် မနာမကျင်စေပဲ ကြည်ရှုကုသမှုခံယူနိုင်ပါသည်။
ဥပမာ – မှန်ပြောင်းနဲ့ကြည့်နေစဉ်သေးငယ်သော အသားလုံး(ကင်ဆာဖြစ်နိုင်ဖွယ်ရာအဖုအလုံးများ)များကိုတွေ့ရှိလျှင် တစ်ခါတည်း ဖြတ်ထုတ်ကုသပေးပြီး အသားစနမူနာ(Biopsy)စစ်ဆေးနိုင်ရန် အသားစကို တစ်ခါတည်း ထုတ်ယူပြီး ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ သွေးယိုစိမ့်သောနေရာအား သွေးတိတ်စေရန် ဆေးထိုးကုသခြင်း၊ diathermy အပူပေးကုသခြင်းအပြင် အခြားနည်းလမ်းများစွာဖြင့်ကုသခြင်း အစရှိသည့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သောရောဂါများကို အဓိကထားကုသမှုပေးလျက်ရှိသောကြောင့် ခွဲစိတ်ကုသခြင်းမလိုအပ်ပဲ မှန်ပြောင်းကြည့်ကုသခြင်းဖြင့် ရောဂါဝေဒနာများ ရှာဖွေကုသသက်သာနိုင်ပါသည်။
🔹အစာအိမ်မှန်ပြောင်း (Gastroscopy) ကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည့်ရောဂါများမှာ
– အူသိမ်၌ဖြစ်သော ရောဂါများ၊
– ရင်ပူရင်နာဖြစ်ခြင်း (Heart Burn)၊
– အစာအိမ်နာ/ကင်ဆာဖြစ်စေသည့် ဘက်တီးရီးယားတစ်မျိုး (H Pylori) ရှိ/မရှိ၊
– အစာအိမ်ပြွန်ကျဉ်းမြောင်းခြင်း၊
– အစာအိမ်နာ (Gastric Ulcer)၊
– အစာအိမ်ကင်ဆာ (Ca Stomach)၊
– အစာမျိုပြွန်ကင်ဆာ (Ca Esophagus)၊
– အစာအိမ်အချဉ်ပေါက်ခြင်းကြောင့် ပျက်စီးသွားသည့် အစာမျိုပြွန်အစိတ်အပိုင်း၊
– အသည်းရောဂါ၊
– အသည်းခြောက်ခြင်း (Cirrhosis Liver)၊
– အသည်း၏ သွေးပြန်ကြောအတွင်း သွေးဖိအားများခြင်း (Portal Hypertension)၊
👨⚕️အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများမှ လူနာများကိုနာကျင်မှုမရှိစေဘဲ သက်တောင့်သက်သာဖြင့် မှန်ပြောင်းကြည့်ရှုပြီး စစ်ဆေးတွေ့ရှိချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးနေပြီဖြစ်ပါသည်။
👩🏻⚕️ မေ့ဆေးဆရာဝန်ကြီးများထားရှိပြီး လိုအပ်ပါက မေ့ဆေး၊ထုံဆေးများ အသုံးပြု၍ လူနာများသက်တောင့်သက်သာမှုရှိစေရန် အထူးဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
👉ရိုက်ကူးတွေ့ရှိချက်များကို မှတ်တမ်းဓာတ်ပုံများနှင့် ပြန်လည်ထုတ်ပေးပါသည်။
🏥Endoscopy Center
Building-B, Level-4, Shwe La Min Hospital, Lanmadaw, Yangon.
☎️ 012301948, 012314825, 012314826, 012314809
📞09899400011
#Shwe_Lamin_Hospital
#Family_Hospital_for_Life
#Endoscopy_Center
… See MoreSee Less