Laparoscopic Surgery
(ကိုယ်တွင်းအင်္ဂါကြည့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း)
Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ်ကုသပေးခြင်း)သည် ဝမ်းဗိုက်တွင် လုပ်ဆောင်သည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး အများအားဖြင့် ၀.၅ – ၁.၅ စင်တီမီတာ အပေါက်ငယ်များဖေါက်ကာ ကင်မရာအထောက်အပံ့ကို အသုံးပြုပြီး လုပ်ဆောင်ရသော ခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။

Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ်ကုသပေးခြင်း)သည် ဝမ်းဗိုက်တွင် လုပ်ဆောင်သည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး အများအားဖြင့် ၀.၅ – ၁.၅ စင်တီမီတာ အပေါက်ငယ်များဖေါက်ကာ ကင်မရာအထောက်အပံ့ကို အသုံးပြုပြီး လုပ်ဆောင်ရသော ခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် ခေတ်သစ်ခွဲစိတ်ကုသမှု နည်းပညာတစ်ခုဖြစ်ပါသည်။ ဤစနစ်မပေါ်မီက သမားရိုးကျ ခွဲစိတ်ဆရာဝန်တစ်ဦးသည် ၆ လက်မ မှ ၁၂ လက်မအထိရှည်သော ခွဲစိတ်မှုကိုလူနာ၏ဝမ်းဗိုက်တွင် ပြုလုပ်ရပါသည်။ Laparoscopic ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းသည် သမားရိုးကျ ခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်လျှင်အကျိုးကျေးဇူးများစွာရှိပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် နာကျင်မှု နည်းစေပြီး အရွယ်အစားသေးငယ်သောခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပါသည်။ လူနာ၏ ရောဂါအခြေအနေပေါ်မူတည်ပြီး ခန္ဓာကိုယ်တွင်းခွဲစိတ်မှုအရွယ်အစား ၁ စင်တီမီတာမှ ၂ စင်တီမီတာ အထိရှိနိုင်ပြီး ခွဲစိတ်ကုသမှုအတွက်အပေါက်မှာ လူတစ်ဦး၏ခံစားနေရသောရောဂါ အခြေအနေပေါ်မူတည်၍ ၁ ပေါက်မှ ၄ ပေါက်အထိကွဲပြားခြားနားမှုရှိနိုင်ပါသည်။ ယခင်က laproscopic surgery ကို မှန်ပြောင်းမှတဆင့် ကြည့်၍ ခွဲသောကြောင့် တံခါးတွင်တပ်ထားသာ သော့ပေါက်ကဲ့သို့သော အပါက်ကလးမှ ချောင်းကြည့်၍ ခွဲစိတ်သည်ဟု ဥပမာေပး၍ keyhole surgery ဟုလည်း ခခါ်ခဲ့ပါသည်။ ယခုအခါ မှန်ပြောင်းမှ ချောင်းကြည့်လျှင်မြင်ရသည့်မြင်ကွင်းကို တီဗွီမှန်သားပြင်ကဲ့သို့ေသာ ကြီးမားသည့် viewing screen တွင် ကျန်ခွဲစိတ်အဖွဲ့ဝင်များပါ ကြည့်နိုင်သဖြင့် keyhole surgery ဟူေသာ အသုံးအနှုန်းကို သိပ်မသုံးကြတော့ပါ။
Laparoscopic ခွဲစိတ်ကုသမှုသည်ယနေ့ခေတ်တွင် လူကြိုက်များလာသော အဆင့်မြင့် ကုထုံးပုံစံ တစ်ခုဖြစ်ပါသည်။ SLM ဆေးရုံကြီးတွင် Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ် ကုသပေးခြင်း)များကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ အထူးကျွမ်းကျင်သော အထူးကုခွဲစိတ် ဆရာဝန်ကြီးများမှ ဦးဆောင်ပြီး အရေးကြီးသောခွဲစိတ်ကုသမှုများကို လူနာများအတွက် အကောင်းမွန်ဆုံးနှင့် စိတ်အချရဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိပါသည်။
Laparoscopic ခွဲစိတ်ကုသနိုင်သောရောဂါများမှာ
- အူအတက်ရောင်ခွဲစိတ်ကုသခြင်း၊
- သည်းခြေအိတ် ခွဲစိတ်ကုသခြင်း၊
- အူမကြီးရောဂါများ ခွဲစိတ်ကုသခြင်း
- မှန်ပြောင်းဖြင့် ဝမ်းဗိုက်အတွင်းသို့ ကြည့်ရှုစစ်ဆေးခြင်း
- မီးယပ်ရောဂါ အလုံးအကျိတ်များ ခွဲစိတ်ကုသခြင်း၊
- ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း
လူနာများအတွက်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ
သေးငယ်သောအပေါက်လေးသာဖောက်ရခြင်းကြောင့်နာကျင်မှု လျော့နည်းခြင်း
သွေးထွက်နည်းခြင်း သွေးယိုစိမ့်မှု အန္တရာယ် လျော့ပါးသွားခြင်း သွေးသွင်းဖို့အခွင့်အလမ်းလျော့နည်းစေခြင်း၊
သေးငယ်သော အမာရွတ်လေးသာ ကျန်ရှိခြင်း
ခွဲစိတ်မှုတိကျသေချာခြင်း
ဒဏ်ရာ ပိုးဝင်နိုင်သည့် အန္တရာယ် လျော့ပါးခြင်း
နှလုံးရပ်တန့်မှု အန္တရာယ် လျှော့နည်းစေခြင်း၊
လျှင်မြန်စွာ သက်သာနိုင်ခြင်းကြောင့် ဆေးရုံတက်ရောက်ရသည့်ရက်နည်းပါးခြင်း
ဆေးရုံတက်ရောက်ရသည့် ကုန်ကျစရိတ်သက်သာခြင်း
အနာကျက်မြန်ဆန်ပြီး ပုံမှန်လုပ်ငန်းဆောင်တာများစောစီးစွာ လုပ်ဆောင်နိုင်ခြင်း
စသည်တို့ဖြစ်ပါသည်။
SLMဆေးရုံကြီးတွင် Laparoscopic Surgery(ကိုယ်တွင်းအင်္ဂါကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း) နည်းအား အသုံးပြု၍ ကျွမ်းကျင်သောခွဲစိတ်အထူးကုဆရာဝန်ကြီးများမှ လူနာများစွာအား ခွဲစိတ်ကုသပေးနေပြီကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Services & Facalities
Endoscopic is now only available Lanmadaw Branch.
Service available at
SLM Lanmadaw
Call : 01 230 1949
lanmadaw@shwelaminhospitals.com
No.15/19 Zawgyi Street Lanmadaw Township Yangon, Myanmar