World Pharmacist Day

ပထမဦးစွာ အနေနဲ့ Happy World Pharmacist Day ပါ။

Health care နယ်ပယ် အသီးသီးမှာ တာ၀န်ယူလုပ်ကိုင်နေကြသော Pharmacist များအားလုံးကို ဂုဏ်ပြုချင်ပါတယ်။

World Pharmacist Day ကို Internation Pharmaceutical Fedration Council (FIP) မှ 2009 ခုနှစ်တွင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ FIP စတင်ပေါ်ပေါက်လာတဲ့ 1912 September 25 ကိုပဲ wpd အဖြစ် သတ်မှတ်လိုက်တယ်လို့လဲ သိရပါတယ်။

Pharmacist (ဆေးဝါးပညာရှင်) တွေဆိုတာက ဆေးဝါးနဲ့ ပတ်သက်သော ပညာရပ်တွေကို သင်ကြားပြီး Bachelor of Pharmacy ဘွဲ့ကို ရရှိထားတဲ့ သူများ ဖြစ်ပါတယ်။ Pharmacist တွေ အနေနဲ့ public health မှာ လူနာတွေ အတွက်ရော health care professionals တွေ အတွက်ပါ medical knowledge နဲ့ advice တွေ ပေးနေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဆရာ၀န်တွေရဲ့ ကုသမှု prescription ကို လူနာများဆီ မှန်မှန်ကန်ကန် ရောက်သွားအောင် right drug, dosage, duration ဖြစ်အောင် ပြုလုပ်ပေးရတဲ့သူတွေ ဖြစ်တဲ့ အတွက် ကျွန်မတို့ Pharmacist တွေရဲ့ တာ၀န်က public health မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခု အနေနဲ့ ပါ၀င်ပါတယ်။ ဒါကြောင့် အခုလို professional role တစ်ခု ကို တာ၀န်ယူလုပ်ကိုင်နေရတဲ့ သူတွေ အနေနဲ့ Patient safety နှင့် medicine optimisation အတွက်လဲ အခြားသော health crae profession များဖြင့် ပူပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Pharmacy : Always trusted for your health ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လူနာတွေရဲ့ ကျန်းမာရေးအတွက် ယုံကြည်ရတဲ့သူ ယုံကြည်ထိုက်တဲ့သူများဖြစ်အောင် မိမိရဲ့ professional ကို ယခုထပ်ပိုပြီး အဆင့်မြင့်အောင် မိမိတတ်စွမ်းသလောက် ကြိုးစားသွားကြဖို့ အားလုံးသော Pharmacist များကို အကြံပြုရင်း World Pharmacist Day အတွက်က်ို ထပ်မံ ဂုဏ်ပြုချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *