World Mental Health Day

ယနေ့ အောက်တိုဘာလ(၁၀)ရက်နေ့သည် “ကမ္ဘာ့စိတ်ကျန်းမာရေးနေ့” ဖြစ်ပါတယ်။

“World Mental Health Day 2022”ရဲ့ Theme ကတော့ “make mental health for all a global priority” ပဲဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လူသားတွေရဲ့ဘဝ Lifestyle တွေမှာလဲ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ယခုကာလတွင် လူတိုင်းလူတိုင်းသည် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အနည်းနဲ့အများခံစားနေကြရမည်မှာ မလွှဲမသွေဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့၏ စိတ်ကျန်းမာရေး (သို့စိတ်ဖိစီးမှုများဖြေလျော့စေရန်အတွက် စိတ်နှင့်ပတ်သက်သော လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါသည်။

မြန်ဆန်ပြီး လုပ်ရလွယ်ကူတဲ့ နည်းလမ်း()ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

  • စိတ်ဖိစီးမှုများပြီး မွှန်းကျပ်လာပြီဆိုလျှင် အသက်ကိုပြင်းပြင်းရှုလိုက်ပါ၊ ပြီးမှ ဖြေးဖြေးချင်းပြန်ထုတ်ပါ၊ ၅ကြိမ်လောက် အနည်းဆုံးပြုလုပ်ပေးပါ။
  • လမ်းလျှောက်ပြီး အကြောလျှော့လေ့ကျင့်ခန်းလုပ်တာကလဲ သွေးလည်ပတ်မှုကောင်းစေပြီး စိတ်ကိုပေါ့ပါးစေပါတယ်။
  • မိမိကြိုက်နှစ်သက်တဲ့သီချင်း နားထောင်ပါ။
  • ရေများများသောက်ပေးပါ၊ စိတ်ဖိစီးမှုလျော့ကျစေသလို ကျန်းမာရေးအတွက်လဲကောင်းပါတယ်။
  • တစ်ယောက်ယောက်နဲ့ စကားပြောပြီး ရယ်မောလိုက်ပါ။

ထို့ကြောင့် “World Mental Health Day” မှအစပြု၍ မိမိတို့၏ စိတ်ကျန်းမာရေးသာမက မိမိတို့လူ့ပတ်ဝန်းကျင်ရှိ စိတ်ရောဂါခံစားနေရသောသူများကို ပစ်မထားဘဲ ဖေးမကူညီအားပေးခြင်းဖြင့် သာယာလှပသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *