မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ

Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတစ်ဆင့်ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်း အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္ထုများကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့သည် အဓိကကူးစက်နိုင်ပါသည်။ယခင် ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ( Mpox - Monkey Pox ) ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ သို့သော် မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့သလို၊ ကမ္ဘာပေါ်တွင် ပထမဆုံးပပျောက်သွားသည့် ရောဂါဖြစ်သည့်အလျောက်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်သည့်အတွက်၊ အသက် (၄၀-၅၀) နှစ်အောက် လူများတွင်လည်း ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိနိုင်ပါ။ 

ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသူများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်မှု တချို့ရနိုင်ပါသည်။

မြန်မာနိုင်ငံနှင့် မျောက်ကျောက်ရောဂါ

လက်ရှိအထိ မြန်မာပြည်တွင်း ဖြစ်ပွားမူ ၊ ကူးစက်မူ မရှိသေးပါ ။

မြန်မာပြည်အတွင်းသို့ ရောဂါကူးစက်ဝင်မလာစေရေးအတွက် ကာကွယ်ထိန်းချုပ်နိုင်ရေး

Mpox ရဲ့ ရောဂါလက္ခဏာများကို သိထားဖို့လိုပါတယ် ။ ဖျားမယ် ၊ အရည်ကြည်ဘုလေးတွေအရေပြားပေါ်မှာပေါက်လာတယ် ဆိုတာမျိုးဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားဖို့လိုပါတယ် ။ လေဆိပ်၊ရေဆိပ်များ နှင့် နယ်စပ်ဂိတ်များမှာ အဖျားတိုင်းတာခြင်း အပြင် အခုလို outbreak ဖြစ်တဲ့နိုင်ငံများ ကလာသူများကို health declaration form ဖြည့်ရပါမယ် ၊ သံသယ ရှိရင် quarantine လုပ်ဖို့လိုလာပါမယ် ။ ဝေဘာဂီဆေးရုံလို ကူးစက်ရောဂါထိန်းချုပ်ကုသရေး စင်တာတွေ လိုအပ်ပါတယ်။ asymptomatic ဆိုရင်သူ့ health form ကိုသူနေတဲ့အရပ်က ဒေသန္တရ ရုံး ( မြို့နယ်ဆရာဝန်ကြီး ) မှတဆင့် တိုင်းရုံးသို့ပို့ ၊ ဆင့်ကဲ တာဝန်ခံမူ ကုသမူတွေ လုပ်ဖို့ လိုအပ်ပါတယ် ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်