CT Scan ဝန်ဆောင်မှု
နောက်ဆုံးပေါ် iDose 4 နည်းပညာဖြင့် ရိုက်ကူးလျက်ရှိပါသည်
ကျွန်ုပ်တို့၏ ဓာတ်မှန်ပညာရှင်များနှင့် ဓာတ်မှန်ရိုက်ကူးသူများအဖွဲ့သည် ခေတ်မီဆန်းသစ်သော နောက်ဆုံးပေါ်စက်ကိရိယာများအကူအညီဖြင့် ၂၄ နာရီ၊ ၇ ရက်လုံး ရောဂါရှာဖွေရေး CT Scan ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျှက် ရှိပါသည်။ ရောဂါရှာဖွေသုံးသပ်မှု စေ့စပ် သေချာစေအောင် အထောက်ပံ့ပေးနိုင်ရေးအတွက် ရှုထောင့်မျိုးစုံမှ အတွင်းအင်္ဂါများ၊ အရိုးများနှင့် အာရုံကြောများ၏ ရှင်းလင်းပြတ်သားသော ရုပ်ပုံများကို ရိုက်ကူးနိုင်ရန် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုပါသည်။
ကျွန်ုပ်တို့၏ အထူးပြု ဆရာဝန်များသည် ဓါတ်ရောင်ခြည်ထိတွေ့မှု အနည်းဆုံး ထိုးဖောက်ဝင်ရောက်မှုရှိသည့် ဓာတ်မှန်နည်းပညာများကို အသုံးပြု၍ ကျန်းမာရေးပြဿနာများစွာကို ကုသပေးလျှက် ရှိနေပါသည်။
၀.၅ မီလီမီတာ ပါးလွှာသော သေးငယ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများအထိ အသေးစိတ် ရိုက်ကူးနိုင်စွမ်းရှိပါသည်။
O.Mar Software နည်းပညာကို အသုံးပြုပြီး အရိုးဆိုင်ရာ ပြဿနာများကို အဖြေရှာနိုင်ပါသည်။
ကျောက်ကပ်ဆိုင်ရာ ရောဂါများ ရှာဖွေရာတွင် များစွာအသုံးဝင်ပါသည်။
ခန္ဓာကိုယ်၏ အဆုတ်ကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်ရာတွင် ကူညီပေးသည်။