အထူးကြပ်မတ်ကုသဆောင်
ကျန်းမာရေးအထူးကုသစောင့်ရှောက်မှုများအား လိုအပ်နေသော လူနာများအတွက် ရွှေလမင်းဆေးရုံမှ ၂၄နာရီပတ်လုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျန်းမာရေးအထူးစောင့်ရှောက်မှုလိုုအပ်နေသောလူနာများအတွက်ရွှေလမင်းဆေးရုံမှ ကျွမ်းကျင်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ၂၄ နာရီပတ်လုံး လိုအပ်သော စောင့်ရှောက်မှုများကို ပေးလျက်ရှိပါသည်။ အရေးပေါ်ကုသမှုများအတွက်သာမက နေ့စဉ် ဆေးရုံတက်ကုသရန်လိုအပ်သောလူနာများအတွက်လည်း အစားအစာပမာဏ တွက်ချက်ပေးခြင်းမှစ ဆေးကုသပေးခြင်း၊ အချိန်နှင့်တပြေးညီ လူနာ၏အခြေအနေအားစောင့်ကြည့်ပေးခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။
အသက်ရှုရန်ခက်ခဲသောလူနာများအတွက် အသက်ရှုစက်များအား ထားရှိပေးထားပါသည်။ အောက်စီဂျင် နှင့် အသက်ရှုစက်အပြည့်အစုံကို ၂၄ နာရီပတ်လုံး လူနာများမှ လိုအပ်သလို အသုံးပြုနိုင်မည်ဖြစ်ပါသည်။