မှန်ပြောင်းဌာန
ခေတ်မှီစက်ကိရိယာဖြင့် ခန္ဓာကိုယ်တွင်းရှိ ကုသမှုပြုချင်သော အစိတ်အပိုင်းအား မှန်ပြောင်းကြည့်ခြင်းဖြစ်ပါသည်။ ရွှေလမင်းဆေးရုံရှိ ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီးများမှ အကောင်းဆုံးသောနည်းနာများဖြင့် ကုသပေးလျက်ရှိပါသည်။
GI Endoscopy ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းပိုင်းရှိ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် ရောဂါအခြေအနေများကို နာကျင်မှုမရှိ၊ မခွဲမစိတ်ဘဲ မှန်ပြောင်းပါသည့် ပျော့ပြောင်းသော (flexible) လက်သန်းလုံးခန့်ပိုက်ငယ် (Fibre Optic Endoscope) ကို အသုံးပြု၍ အစာမျိုပြွန်လမ်းကြောင်းမှစတင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျောက် (or) စအိုမှတဆင့် အူမကြီးတလျှောက် ပုံမှန်မဟုတ်သော ရောဂါအခြေအနေများကို ကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုကာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းကို တစ်ချိန်တည်းပြုလုပ်နိုင်သော real time ပုံရိပ်ဖော်နည်းပညာတစ်မျိုးဖြစ်ပါသည်။
အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းပိုင်းအထိရှင်းလင်းပြီး Full HD Image resolution quality အပြည့်အဝကိုရရှိစေနိုင်မည့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်များကြောင့် ခန္နာကိုယ်တွင်းဆိုင်ရာရောဂါများကို ရှာဖွေကုသရေးအတွက် များစွာ အထောက်အကူဖြစ်စေပါသည်။ Captured image နဲ့ Video recording များကို ကုသမှု examination အစအဆုံး မှတ်တမ်းတင်ထားနိုင်ပါသည်။
SLM ဆေးရုံကြီး၏ မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသမှု ဌာနကို နိုင်ငံတစ်ကာအဆင့်မီ နောက်ဆုံးပေါ် ဂျပန်နိုင်ငံလုပ် Olympus ကုမ္ပဏီထုတ် အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကို CV-1500 စက်ပစ္စည်း မှန်ပြောင်း အူမလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းကို Colonoscope model CF-HQ 190L မှန်ပြောင်း —–အသုံးပြု၍ အကောင်းမွန်ဆုံး ကြည့်ရှုကုသ ဝန်ဆောင်မှုပေးနိုင်စေရန် ဖွင့်လှစ်ထားရှိပါသည်။
အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာရောဂါများကို အစာအိမ် နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါအခြေအနေများကို စောစီးစွာ သိရှိပြီး တစ်ချိန်ထဲမှာပင် ကုသမှုခံယူနိုင်သောကြောင့် အကျိုးထိရောက်သော ရောဂါ ရှာဖွေကုသ ( Both therapeutic & Investigative) ရောဂါကုထုံးတစ်မျိုး ဖြစ်ပါသည်။ မှန်ပြောင်းဖြင့် ရောဂါရှာဖွေကုသရာတွင်အစာအိမ်နှင့်အူလမ်းကြောင်းတွင်အဖြစ်များသော ရောဂါများကို အချိန်တိုအတွင်း လူနာအား သက်တောင့်သက်သာဖြင့် မနာမကျင်စေပဲ ကြည်ရှုကုသမှုခံယူနိုင်ပါသည်။ ဥပမာ – မှန်ပြောင်းနဲ့ကြည့်နေစဉ်သေးငယ်သော အသားလုံး(ကင်ဆာဖြစ်နိုင်ဖွယ်ရာအဖုအလုံးများ)များကိုတွေ့ရှိလျှင် တစ်ခါတည်း ဖြတ်ထုတ်ကုသပေးပြီး အသားစနမှုနာ(Biopsy)စစ်ဆေးနိုင်ရန် အသားစကို တစ်ခါတည်း ထုတ်ယူပြီး ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ သွေးယိုစိမ့်သောနေရာအား သွေးတိတ်စေရန် ဆေးထိုးကုသခြင်း၊ diathermy အပူပေးကုသခြင်း အပြင် အခြားနည်းလမ်းများစွာဖြင့်ကုသခြင်း အစရှိသည့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ရောဂါများကို အဓိကထားကုသမှု ပေးလျှက်ရှိသောကြောင့် ခွဲစိတ်ကုသခြင်း မလိုအပ်ပဲ မှန်ပြောင်းကြည့် ကုသခြင်းဖြင့်ရောဂါဝေဒနာများ ရှာဖွေကုသ သက်သာနိုင်ပါသည်။
အထက်ပါအစီအစဥ်တွင် အထူးကုဆရာဝန်ကြီးများ၏စမ်းသပ်စစ်ဆေးခြင်း၊ ဆွေးနွေးတိုင်ပင်ကုသစရိတ် နှင့် မေ့ဆေးအသုံးပြုမည်ဆိုပါက ကုန်ကျစရိတ်များ၊ အရေးပေါ်အခြေနေတွင် ထပ်တိုးကုသမှုစရိတ်များ မပါဝင်ပါ။
မှန်ပြောင်းကြည့်ရှုသောလူနာများ – HIV ဗိုင်းရပ်စ်ပိုး၊ – အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ – တီဘီရောဂါပိုးနှင့် – အခြားကူးစက်ရောဂါပိုးများ မကူးစက်စေရန် နိင်ငံတကာအဆင့်မီ မှန်ပြောင်းစိမ်ဆေးရည်နှင့် ပိုးသတ်ဆေးရည်များဖြင့် မှန်ပြောင်းနင့် ကိရိယာများကို နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း စနစ်တကျ ပိုးမွှားသန့်စင် အသုံးပြုပါသည်။