မိတ်ဆက်

Hamodialysis ဆိုသည်မှာ ပုံမှန်စွမ်းဆောင်ရည်လုပ်နိုင်ခြင်းမရှိသည့် ကျောက်ကပ်ရောဂါဝေဒါနာရှင်များတွင် ကျောက်ကပ်တု (dialyzer) ကို အသုံးပြုပြီး သွေးထဲတွင်ရှိသော မလိုအပ်သည့် အဆိပ်အတောက်များ၊ အညစ်အကြေး များကို စက်အကူအညီအသုံးပြုပြီး စွန့်ထုတ်ခြင်းဖြစ်ပါတယ်။

လူနာ၏ ရောဂါအခြေအနေနှင့် ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် ၁ ပတ်လ ျှင် ၂ ကြိမ်မှ ၅ ကြိမ်ခန့်၊ ၁ ကြိမ်ဆေးလ ျှင် ၃ နာရီမှ ၅ နာရီခန့် ကြာမြင့်တတ်ပါသည်။ ကျောက်ကပ်သည် လူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ၊ အညစ်အကြေးများ Electrolyte များကို အတွင်းပိုင်းရှိ အမြှေးပါးမှ တစ်ဆင့်ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးပါသည်။ လူ၏ ခန္ဓာကိုယ်တွင်းရှိသော ကျောက်ကပ်သည် ပုံမှန်လုပ်ငန်းဆောင်တာများဖြစ်သော အညစ်အကြေးစွန့်ထုတ်ခြင်းများ မပြုလုပ်ပါက ကျောက်ကပ်ပျက်စီးြင်း (Renal Failure) ကိုဖြစ်စေပါသည်။

ကျောက်ကပ်ပျက်ဆီးခြင်း (Renal Failure) နှစ်မျိုးရှိပါသည်။ ကျောက်ကပ်ပျက်ဆီးခြင်း (Acute Renal Faliure) နှင့် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း (Chronic renal Failure) ဟုဖြစ်ပါသည်။

ထိုကဲ့သို့ကျောက်ကပ်၏ လုပ်ငန်းောဆင်တာများပျက်စီးခဲ့လ ျှင် ကျောက်ကပ်ဆေးရန် (Haemodialysis) သို့မဟုတ် ကျောက်ကပ်အစားထိုးရန် (Kidney transplant) ပြုလုပ်ရန်လိုအပ်ပါသည်။ရွှေလမင်းဆေးရုံကြီးတွင် ကျောက်ကပ်နှင့်ပတ်သက်ပြီး မိမိခံစားနေရသောရောဂါဝေဒနာများအား ဆရာဝန်နှင့်အနီးကပ်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Fresenius 4008 S စက်သစ်ကြီးအားအသုံးပြုသောကြောင့် – OCM (Online clearance monitoring system) ပါသောကြောင့် ကျောက်ကပ်သန့်စင်နိုင်သလို Plasma Sodium ပမာဏတိုင်းတာနိုင်ခြင်း၊ Ultrapure Dialysis Fluid (DIASAFE plus filter) သန့်ဇင်မှုအဆင့်မြင့်သော ဆေးရည်ဖြင့်ကုသနိုင်ခြင်း များလည်း လုပ်ဆောင်နိုင်ပါသည်။

ထို့အပြင် Fresenius Dry Bicarbonate ဖြစ်သောကြောင့် fresh and hygienic concentrate ဖြင့်ကုသခြင်း။ ကျောက်ကပ်သွေးသန့်စင်ချိန်တစ်လေ ျှာက်လုံး သွေးပေါင်ချိန်တိုင်းတာခြင်း တို့ကိုလည်း လုပ်ဆောင်နိုင်ပါသည်။ Reverse Osmosis Water Treatment Supply System Medical grade stainless steel Double stage RO filtration system (နှစ်ထပ်စစ်ထုတ်သန့်စင်ခြင်း) Heating disinfection system စသည့်ဖြင့်တပ်ဆင်ထားခြင်းကြောင့် ပိုက်လိုင်းတွင်း ရောဂါပိုးပေါက်ပွားမှုမရှိစေရန် စီစဉ်ထားပါသည်။

ကျောက်ကပ်သန့်စင်ခြင်းဌာနအား နေ့စဉ် session ၂ ခုခွဲပြီး ပိတ်ရက်မရှိ တစ်နှစ်ပတ်လုံးဖွင့်လှစ်ထားပါသည်။

  • Session 1: မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ
  • Session 2: မနက် ၁ နာရီမှ ညနေ ၅ နာရီထိ

လူနာများ၏ ကျောက်ကပ်ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် နှောက်ယှက်မှုကင်းစွာဖြင့် ရွှေလမင်းဆေးရုံတွင် ၂၄ နာရီပတ်လုံး ကုသနိုင်ပါသည်။

Services & Facilities 

ကျောက်ကပ်ရောဂါအမျိုးမျိုးအတွက် ဆရာဝန်များဖြင့် အသေးစိတ်ဆွေးနွေးနိုင်ပါသည်။

ဤဝန်ဆောင်မှုအား အောက်ပါ ဆေးရုံများတွင် ပြုလုပ်နိုင်ပါသည်။ 

ရွှေလမင်း မြောက်ဥက္ကလာပမြို့နယ်

Call : 01 655 612
northokkalap@shwelaminhospitals.com
No.1254 Thudhama Road, Ward-2 North Okkalapa Township, Yangon, Myanmar

ရွှေလမင်း လမ်းမတော်

Call : 01 230 1949
lanmadaw@shwelaminhospitals.com
အမှတ် ၁၅၊၁၉ ဇော်ဂျီလမ်း လမ်းမတော်မြို့နယ် ရန်ကုန်မြို့၊ မြန်မာ