မိတ်ဆက်

Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ်ကုသပေးခြင်း)သည် ဝမ်းဗိုက်တွင် လုပ်ဆောင်သည့် ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး အများအားဖြင့် ၀.၅ – ၁.၅ စင်တီမီတာ အပေါက်ငယ်များဖေါက်ကာ ကင်မရာအထောက်အပံ့ကို အသုံးပြုပြီး လုပ်ဆောင်ရသော ခွဲစိတ်မှုတစ်ခုဖြစ်ပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် ခေတ်သစ်ခွဲစိတ်ကုသမှု နည်းပညာတစ်ခုဖြစ်ပါသည်။

ဤစနစ်မပေါ်မီက သမားရိုးကျ ခွဲစိတ်ဆရာဝန်တစ်ဦးသည် ၆ လက်မ မှ ၁၂ လက်မအထိရှည်သော ခွဲစိတ်မှုကိုလူနာ၏ဝမ်းဗိုက်တွင် ပြုလုပ်ရပါသည်။ Laparoscopic ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းသည် သမားရိုးကျ ခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်လျှင်အကျိုးကျေးဇူးများစွာရှိပါသည်။ Laparoscopic ခွဲစိတ်ကုသမှုသည် နာကျင်မှု နည်းစေပြီး အရွယ်အစားသေးငယ်သောခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပါသည်။ လူနာ၏ ရောဂါအခြေအနေပေါ်မူတည်ပြီး ခန္ဓာကိုယ်တွင်းခွဲစိတ်မှုအရွယ်အစား ၁ စင်တီမီတာမှ ၂ စင်တီမီတာ အထိရှိနိုင်ပြီး ခွဲစိတ်ကုသမှုအတွက်အပေါက်မှာ လူတစ်ဦး၏ခံစားနေရသောရောဂါ အခြေအနေပေါ်မူတည်၍ ၁ ပေါက်မှ ၄ ပေါက်အထိကွဲပြားခြားနားမှုရှိနိုင်ပါသည်။ယခင်က laproscopic surgery ကို မှန်ပြောင်းမှတဆင့် ကြည့်၍ ခွဲသောကြောင့် တံခါးတွင်တပ်ထားသာ သော့ပေါက်ကဲ့သို့သော အပါက်ကလးမှ ချောင်းကြည့်၍ ခွဲစိတ်သည်ဟု ဥပမာ‌ေပး၍ keyhole surgery ဟုလည်း‌ ခခါ်ခဲ့ပါသည်။ ယခုအခါ မှန်ပြောင်းမှ ချောင်းကြည့်လျှင်မြင်ရသည့်မြင်ကွင်းကို တီဗွီမှန်သားပြင်ကဲ့သို့‌ေသာ ကြီးမားသည့် viewing screen တွင် ကျန်ခွဲစိတ်အဖွဲ့ဝင်များပါ ကြည့်နိုင်သဖြင့် keyhole surgery ဟူ‌ေသာ အသုံးအနှုန်းကို သိပ်မသုံးကြတော့ပါ။

Laparoscopic ခွဲစိတ်ကုသမှုသည်ယနေ့ခေတ်တွင် လူကြိုက်များလာသော အဆင့်မြင့် ကုထုံးပုံစံ တစ်ခုဖြစ်ပါသည်။ SLM ဆေးရုံကြီးတွင် Laparoscopic Surgery (ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ် ကုသပေးခြင်း)များကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ အထူးကျွမ်းကျင်သော အထူးကုခွဲစိတ် ဆရာဝန်ကြီးများမှ ဦးဆောင်ပြီး အရေးကြီးသောခွဲစိတ်ကုသမှုများကို လူနာများအတွက် အကောင်းမွန်ဆုံးနှင့် စိတ်အချရဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

  • Appendicitis အူအတက်ရောင်ခွဲစိတ်ကုသခြင်း

  • Gallbladder Disease သည်းခြေအိတ် ခွဲစိတ်ကုသခြင်း

  • Hernias အူမကြီးရောဂါများ ခွဲစိတ်ကုသခြင်း

  • Gastroesophageal Reflux Disease (GERD) မှန်ပြောင်းဖြင့် ဝမ်းဗိုက်အတွင်းသို့ ကြည့်ရှုစစ်ဆေးခြင်း

  • Gynecological Conditions:

    • မီးယပ်ရောဂါ အလုံးအကျိတ်များ ခွဲစိတ်ကုသခြင်း၊

Services and Facilities

ရွှေလမင်း လမ်းမတော် ဆေးရုံကြီးတွင် Laparoscopic Surgery(ကိုယ်တွင်းအင်္ဂါကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း) နည်းအား အသုံးပြု၍ ကျွမ်းကျင်သောခွဲစိတ်အထူးကုဆရာဝန်ကြီးများမှ လူနာများစွာအား ခွဲစိတ်ကုသပေးနေပြီကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဤဝန်ဆောင်မှုအား အောက်ပါ ဆေးရုံများတွင် ပြုလုပ်နိုင်ပါသည်။ 

ရွှေလမင်း လမ်းမတော်

Call : 01 230 1949
lanmadaw@shwelaminhospitals.com
အမှတ် ၁၅၊၁၉ ဇော်ဂျီလမ်း လမ်းမတော်မြို့နယ် ရန်ကုန်မြို့၊ မြန်မာ