မိတ်ဆက်

မီးဖွားပြီးသည့်အချိန်တွင် မိခင်ရော ကလေးပါ အနားယူ အားဖြည့်နိုင်ရန်အတွက် ရွှေလမင်းမှ အခန်းအမျိုးမျိုးအား အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးထားပါသည်။ ရွေးချယ်စရာ အခန်းများအတွက် Package များကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

Included Services

ဝန်ဆောင်မှုများ
ရရှိနိုင်သည်
ရွေးချယ်ထားသော Package အလိုက်နေသည့် အခန်းခများ

 

သားဖွားခန်း (သို့) ခွဲစိတ်ခန်းအသုံးပြုခများ
ဆေးရုံတက်နေစဉ်ကာလ အခန်းတွင်းဝန်ဆောင်မှုများ
နေ့စဉ်တာဝန်ကျဆရာဝန်များ၊ သူနာပြုများနှင့် သူနာပြုအကူများမှ လူနာအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
ဆေးရုံရှိ သန့်ရှင်းရေးဝန်ထမ်းများမှ လူနာခန်းများအား နေ့စဉ်သန့်ရှင်းရေးဝန်ဆောင်မှုပေးခြင်း
လူနာများအတွက် နေ့စဉ်သောက်ရေသန့်၊ နံနက်စာ၊ နေ့လည်စာ၊ ညနေစာပါဝင်ခြင်း
ရိုးရိုးမွေးဖွားခြင်း (သို့) နာကျင်မှုသက်သာစွာ မွေးဖွားခြင်းများအတွက် မွေးခန်းအတွင်းသုံးသည့်ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ (ပိုးသတ်ဆေး၊ အနာသက်သာသည့်ဆေးနှင့် Drip များ)
မိခင်သားအိမ်ညှစ်အားနှင့် သန္ဓေသားနှလုံးခုန်သံစမ်းသပ်သော စက်များအသုံးပြုခြင်း
မွေးကင်းစကလေးအတွက် သွေးအုပ်စုနှင့်အမျိုးအစားခွဲခြင်း၊ (A, B, O, AB, RH) မွေးရာပါသွေးအားနည်းရောဂါ (G6PD) စစ်ဆေးပေးခြင်း
ပထမအကြိမ် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးထိုးပေးခြင်း
Issuance of Birth Certificate for Registration with the Township Health Department
မွေးကင်းစကလေး ခြေဗွေရာပြုလုပ်ပေးခြင်း
ကလေးအသုံးအဆောင်လက်ဆောင်ပစ္စည်းများပေးခြင်း

နာကျင်မှုသက်သာစွာ မွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားမည့်သူများအတွက်

ECG, RBS စစ်ဆေးခများ၊ အောက်စီဂျင်သုံးစွဲခြင်း (လိုအပ်ပါက)၊ ခေတ်မှီစက်များဖြင့် ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ခန်းအတွင်း အသုံးပြုသည့် ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာအသုံးပြုခများ

Excluded Services

ဝန်ဆောင်မှုများ
မရရှိနိုင်ပါ
မွေးဖွားပေးသည့် (ရိုးရိုးမွေးဖွားခြင်း၊ နာကျင်မှုသက်သာစွာမွေးဖွားခြင်း၊ ခွဲစိတ်မွေးဖွားခြင်း) သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၏ မွေးဖွားခ၊ ခွဲစိတ်ခများ
ဆေးရုံတက်နေစဉ်အတွင်း အခန်းတွင်းသို့လာရောက်ကြည့်ရှုဆွေးနွေးခများ (သားဖွားမီးယပ်အထူးကုနှင့် ကလေးအထူးကုဆရာဝန်ကြီးများ)
မိခင် (သို့) ကလေးအတွက်ပုံမှန်မဟုတ်သော ကျန်းမာရေးအခြေအနေများအတွက် အသုံးပြုရသည့်ဆေးနှင့် စမ်းသပ်စစ်ဆေးမှုများ (Special Test) များ၊ အသုံးပြုရသည့်အခန်းနှင့် အသုံးအဆောင်များအား ပိုးသတ်ခများ
သွေးနှင့် သွေးနှင့်ဆိုင်သော ဆက်စပ်ပစ္စည်းများသွင်းခြင်း
Package ထဲတွင်ပါဝင်သော သတ်မှတ်ရက်ထက်ကျော်လွန်သောဆေးရုံတက်ရသည့် ရက်များ (အခန်းခနှင့် ဝန်ဆောင်ခများ)
မိခင်နှင့်ကလေးအတွက် အထူးပြုစုသည့် ဆရာမ (Special Nurese Fees) (သီးသန့်ခေါ်လိုပါက)
ရိုးရိုးမွေးဖွားခြင်း (သို့) နာကျင်မှုသက်သာစွာ မွေးဖွားခြင်းများအတွက် မွေးခန်းအတွင်းသုံးသည့်ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ (ပိုးသတ်ဆေး၊ အနာသက်သာသည့်ဆေးနှင့် Drip များ)
ဆေးရုံဆင်းသည့်အချိန်တွင် ယူဆောင်သွားရန်လိုအပ်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်များ

Services and Facilities

ထိရောက်သောကျန်းမာရေးကုသမှုများပေးနိုင်ရန်အတွက် စနစ်တကျလေ့ကျင့်ထားသော ဆရာဝန် နှင့် ကျန်းမာရေးဝန်ထမ်းများက အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။

ဤဝန်ဆောင်မှုအား အောက်ပါ ဆေးရုံများတွင် ပြုလုပ်နိုင်ပါသည်။ 

ရွှေလမင်း မြောက်ဥက္ကလာပမြို့နယ်

Call : 01 655 612
northokkalapa@shwelaminhospitals.com
အမှတ် ၁၂၅၂၊ သုဓမာလမ်း၊ ၂ ရပ်ကွက်
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ

ရွှေလမင်း လမ်းမတော်

Call : 01 230 1949
lanmadaw@shwelaminhospitals.com
အမှတ် ၁၅၊၁၉ ဇော်ဂျီလမ်း လမ်းမတော်မြို့နယ် ရန်ကုန်မြို့၊ မြန်မာ

ရွှေလမင်း ဟင်္သာတ

Call : 044 202 1375, 044 202 2799
hinthada@shwelaminhospitals.com
အမှတ် ၃၂၊ ဘိုစောမောင်လမ်း ရုံးကြီးရပ်ကွက်၊ ဟင်္သာတမြို့နယ် ဧရာ၀တီတိုင်း၊ မြန်မာ

ရွှေလမင်း မော်လမြိုင်

Call : 057 202 6202, 057 202 6855
mawlamyine@shwelaminhospitals.com
အမှတ် ၁၊ ရှမ်းစုလမ်း၊ ဒိုင်းဝန်ကွင်းရပ်၊ မွန်ပြည်နယ်၊ မြန်မာ