မိတ်ဆက်
သံလိုက်စက်ကွင်းဓာတ်မှန်ဆိုတာ ဘာလဲ?
MRI သည် ခန္ဓာကိုယ်အထဲတွင်ရှိသော ရောဂါ၏ အရင်းအမြစ်ကို ရှာဖွေရာတွင် အသုံးပြုသည့် သံလိုက်လှိုင်းဖြင့်ထပ်လွှာပုံရိပ် စစ်ဆေးခြင်း သံလိုက်စက်ကွင်းဓာတ်မှန် စက်ကိရိယာ ဖြစ်ပါသည်။ ပြင်းထန်သော သံလိုက်စက်ကွင်းများနှင့် ရေဒီယိုကြိမ်နှုန်းကို အသုံးပြု၍ ကျောရိုးတွင်ရှိသော အာရုံကြောများ soft tissue များကို အသေးစိတ် ကြည်လင်ပြတ်သားစွာမြင်နိုင်သော အသေးစိတ် ပုံရိပ်များအဖြစ် ဖေါ်ပြပေးပါသည်။ ထိုပုံရိပ်များသည် ဆရာဝန်ကို ခန္ဓာကိုယ်အထဲတွင်ရှိသော ပုံမှန်မဟုတ်သည့် အစက်အပြောက်များကို ပြတ်သားကြည်လင်သောဓာတ်မှန်ပုံရိပ်အဖြစ်ဖော်ပေးပြီး လူနာတွင်အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေဘဲ အသေးစိတ်မြင်နိုင်စေပါသည်။
။ရောဂါရှာဖွေသုံးသပ်မှု စေ့စပ် သေချာစေအောင် အထောက်ပံ့ပေးနိုင်ရေးအတွက် ရှုထောင့်မျိုးစုံမှ အတွင်းအင်္ဂါများ၊ အရိုးများနှင့် အာရုံကြောများ၊ soft tissue များ၏ ရှင်းလင်းပြတ်သားသော ရုပ်ပုံများကို ရိုက်ကူးနိုင်ရန် နောက်ဆုံးပေါ် သံလိုက်စက်ကွင်းနည်းပညာကို အသုံးပြုထားပါသည်။
အောက်ပါလူနာများသည် MRI စစ်ဆေးမှုလုပ်ဆောင်မှု မလုပ်သင့်/ထိခိုက်သက်ရောက်မှု ဖြစ်စေသောကြောင့် အထူးဆင်ခြင်သင့်ပါသည်။