ရွှေလမင်းဆေးရုံ၏လူနာပြုစုစောင့်ရှောက်မှုများ

ရွှေလမင်းဆေးရုံ၏ လူနာစောင့်ရှောက်မှုကို သာမန်ကုသမှုထက်ပို၍ အဓိကထားပါသည်။ ရွှေလမင်းဆေးရုံ၏ စနစ်တကျ လေ့ကျင့်ထားသော ကျွမ်းကျင်ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့သည် လူနာတိုင်း၏ ကျန်းမာရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ဆေးရုံဌာနခွဲများအလိုက်် ရရှိနိုင်သော ဝန်ဆောင်မှုများ ကွဲပြားမှုရှိနိုင်ပါသည်။

ဆေးဝါးဌာန

 

ကြည့်ရန်

အခြားရနိုင်သောဝန်ဆောင်မှုများ

ကြည့်ရန်

ရွှေလမင်းဆေးရုံများ၏ ဆေးဝါးဌာန

မိတ်ဆက်

ရွှေလမင်းဆေးရုံများ၏ ဆေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော ဝန်ဆောင်မှုများအား ပေးလျက်ရှိပါသည်။ ဆေးရောင်းချပေးခြင်း နှင့် ဆေးစာများအား ပြန်လည်စစ်ဆေးပေးခြင်းကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ 

နိုင်ငံတကာမှ ထုတ်လုပ်ထားသော အရည်အသွေးပြည့်မှီလတ်ဆတ်သည့်ဆေးဝါးများကို အချိန်နှင့်တပြေးညီရောင်းချပေးနိုင်ရန်မှာ အမြဲတစေကြိုးစားအားထုတ်နေသည်မှာ ရွှေလမင်းဆေးရုံ၏ လူနာများအပေါ်ထားရှိသော စေတနာဖြစ်ပါသည်။ အတွေ့အကြုံရ ဝါရင့် ဆေးဝါးကျွမ်းကျင်သူနာပြုများခန့်ထားရှိသည့်အပြင် လူနာများ၏ ဆေးညွှန်းများမှန်ကန်မှုရှိစေရန်အတွက်လည်း ဂရုတစိုက်လုပ်ဆောင်လျက်ရှိပါသည်။ ၂၄ နာရီပတ်လုံး ဆေးလိုအပ်သည့်လူနာများအား ဆေးရောင်းချပေးနိုင်ရန် ကြိုးစားလျက်ရှိပါသည်။

ရွှေလမင်းကဆေးတွေကို အွန်လိုင်းကတဆင့်ဝယ်လို့ရလား

လတ်တလောမှာတော့ ရွှေလမင်းဆေးရုံက ဆေးကောင်တာတွေမှာပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆေးဝယ်ယူရရှိနိုင်သောနေရာများ

အရေးပေါ်ဌာန

သင်အလိုအပ်ဆုံးအချိန်မှာ အရေးပေါ်ကုသပေးနိုင်ပါတယ်

အရေးပေါ်ကုသရခြင်းမှာ စက္ကန့်တိုင်းက လူနာအတွက်အရေးကြီးပါတယ်။ ရွှေလမင်းဆေးရုံရဲ့ အရေးပေါ်ဌာနဟာ လူနာတွေအတွက် ၂၄နာရီ ၇ရက်ပတ်လုံး အသင့်ရှိနေပြီး အခက်ခဲဆုံး ကျန်းမာရေး အခြေအနေအမျိုးမျိုးအတွက် ကျွမ်းကျင်ကိုင်တွယ်ပေးနိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ သင့်ကျန်းမာရေးလိုအပ်ချက်အမျိုးမျိုးအတွက် အရေးပေါ်စောင့်ရှောက်မှု လိုအပ်လာချိန်တိုင်းမှာ ရွှေလမင်းဆေးရုံရဲ့ အရေးပေါ်ဌာနကို ယုံကြည်ထားနိုင်ပါတယ်။

24 နာရီ အရေးပေါ်ကားဝန်ဆောင်မှု

အရေးပေါ်ကားဝန်ဆောင်မှုကို ရယူခြင်းဖြင့် သင်ချစ်ရသူရဲ့ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်ကို ရွှေလမင်းဆေးရုံမှာ ဖြည့်ဆည်းပေးလိုက်ပါ။

၂၄ နာရီ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု

သင့်ကျန်းမာရေးအတွက် သင်လိုအပ်ချိန်တိုင်းမှာ ၂၄နာရီပတ်လုံး ကူညီစောင့်ရှောက်ပေးဖို့အတွက် အသင့်ရှိပါတယ်။