မိတ်ဆက်
ရွှေလမင်းဆေးရုံ၏ အာထွာဆောင်းဌာနတွင် ခေတ်မှီစက်ကိရိယာကြီးများဖြင့် လေးဘက်မြင်အာထွာဆောင်း၊ သိုင်းရွိုက် နှင့် တစ်ရှုးများအား စစ်ဆေးခြင်း၊ အလက်စတိုဂရပ်ဖီရိုက်ကူးခြင်းများကိုလည်း ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကာ ပြုလုပ်နိုင်ပါသည်။
Echocardiogram ဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်ခြင်းဖြစ်ပါသည်။ နှလုံးတစ်ခုလုံး၏ လှုပ်ရှားမှုများကို မြင်နိုင်မည်ဖြစ်ပါသည်။
- မွေးရာပါနှလုံးရောဂါရှိ၊ မရှိ၊ နှလုံးကြီး၊ မကြီး သိနိုင်ခြင်း
- နှလုံးတွင်းသွေးစီးဆင်းမှုကိုကြည့်ပြီး အဆို့ရှင်မလုံပါက သွေးများယိုထွက်နေခြင်းကိုပါ တိကျစွာမြင်နိုင်ခြင်း။ အဆို့ရှင်တွင် အနာရှိ မရှိကို တိကျစွာသိနိုင်ခြင်း။
- နှလုံးခုန်စည်းချက်နှုန်း မှန်၊ မမှန်ကို စစ်ပေးခြင်း။
- နှလုံးကြွက်သားများ နှလုံးညှစ်အားကိုတွက်ချက်ပေးခြင်း။ နှလုံးသွေးကြောကျဉ်းနေခြင်းကြောင့် ကြွက်သားနံရံ ညှစ်အား ကျ၊ မကျသိရှိနိုင်ခြင်း။
- ခွဲစိတ်မှုများအတွက် လူနာသည် ခွဲစိတ်မှုဒဏ်အားခံနိုင်ရည် ရှိ၊ မရှိ နှလုံး၏လှုပ်ရှားမှုများကို Echo အဖြေကြည့်ပြီးဆုံးဖြတ်နိုင်ခြင်း။