World Hepatitis Day 2022 Author- Wint ယနေ့ ဇူလိုင်လ ၂၈ရက်နေ့သည် ကမ္ဘာ့အသည်းရောင် အသားဝါရောဂါ ကာကွယ်ရေးနေ့ဖြစ်ပါသည်။ အသည်းရောင်အသားဝါရောဂါကို ပိုမိုသိရှိလာစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန် အဓိကရည်ရွယ်ချက်ဖြင့် အသည်းရောင်အသားဝါနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ အသည်းသည် ဝမ်းဗိုက်၏ ညာဘက်အပေါ်နားတွင် တည်ရှိပြီး ခန္ဓာကိုယ်အတွက် အရေးကြီးသော အာဟာရများနှင့်အင်ဇိုင်းများထုတ်ပေးခြင်း၊ဓာတုအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း၊ အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးခြင်း စသည့် များစွာသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေသော အင်္ဂါတခုဖြစ်ပါသည်။ အသည်းရောင်ရမ်းပါက အသည်းရောင်အသားဝါရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။ A, B, C, D, E ဟုခေါ်သော ဗိုင်းရပ်စ်ပိုးများကြောင့်အသည်းရောဂါဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများမှီဝဲခြင်း၊အရက်အလွံအကျွံ သောက်သုံးခြင်းများကြောင့်လည်း အသည်းကို ထိခိုက်စေနိုင်ပါသည်။ အသည်းရောင်အသားဝါရောဂါ၏ ကူးစက်နိုင်ပုံများ • မသန့်ရှင်းသော အစားအစာနှင့် ရေများသောက်သုံးမိခြင်း • BပိုးCပိုးရှိသော […]
World Blood Donor Day နှစ်စဉ်ဇွန်လ 14ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ သတ်မှတ်ထားပါသည်။ 2022 ခုနှစ်၊ ဇွန်လ 14ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ ဆောင်ပုဒ်ကတော့ “Donating blood is an act of solidarity. Join the effort and save lives” ဖြစ်ပါသည်။ မိမိ၏သွေးဖြင့်လိုအပ်နေသောသူများကိုလှူဒါန်းခြင်းသည် မွန်မြတ်သောကုသိုလ်ဒါနဖြစ်ပါသည်။ သွေးရောဂါလူနာများ၊ သွေးသွင်းကုသရသောလူနာများ၊ အရေးပေါ်လူနာများအတွက် သွေးသည်မဖြစ်မနေလိုအပ်ပေသည်။ ဘေးကင်းလုံခြုံစိတ်ချရပြီး မွန်မြတ်သန့်စင်သောသွေးများကို လိုအပ်နေသူများကိုလှူဒါန်းခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်